သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆင့်မြင့်ပညာရေးနဲ့ နိုင်ငံတကာတက္ကသိုလ်များချိတ်ဆက်မှု


Rangoon University
Rangoon University
အောက်တိုဘာ ၆၊ ၂၀၁၂။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့ မြန်မာနိုင်ငံမှာ ပွင့်လင်းလာမှုနဲ့အတူ၊ အဆင့်မြင့်ပညာရေးပိုင်းမှာလည်း နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ပေါ်လာပါတယ်။ လက်ရှိအားဖြင့်ဆိုရင် အမေရိကန်ပြည်ထောင်စုက နာမည်ကျော် တက္ကသိုလ်တွေဖြစ်ကြတဲ့ Harvard တက္ကသိုလ် Yale တက္ကသိုလ် Johns Hopkins တက္ကသိုလ်တွေဟာ မြန်မာနိုင်ငံနဲ့ချိတ်ဆက်နိုင်မယ့် အစီအစဉ်တွေ စတင်ဆောင်ရွက်လာပါတယ်။

မြန်မာလူငယ်တွေအနေနဲ့ ဒီ နိုင်ငံတကာတက္ကသိုလ်တွေရဲ့ အစီအစဉ်သစ်တွေမှာ ပါဝင်တတ်ရောက်နိုင်ခွင့် အလားအလာတွေ ဘယ်လောက်ရှိလာပြီလဲဆိုတဲ့ သုံးသပ်ချက်တွေနဲ့အတူ၊ မြန်မာနိုင်ငံ ပညာရေးစနစ်ကရော ဒီအခြေအနေတွေအတွက် ဘယ်လောက်အထိ ပြင်ဆင်ထားနိုင်ပြီလဲ အခု သီတင်းပတ် စနေ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ မြန်မာနိုင်ငံတွင်းက လူမှုရေးနဲ့စီးပွားရေးဖွံဖြိုးရေးဌာန ဒါရိုက်တာလည်းဖြစ် သင့်ဘ၀ မဂ္ဂဇင်းအယ်ဒီတာဟောင်းလည်းဖြစ်တဲ့ ဒေါက်တာတင်မောင်သန်းနဲ့ မင်္ဂလာမြန်မာအဖွဲ့က ညွန်ကြားရေးမှုး ဒေါက်တာ ဖုန်းဝင်းတို့က အဓိက ပါဝင်ဆွေးနွေးဖြေကြားထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG