သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး ဓာတ်ပုံသတင်းထောက် အိန္ဒိယမှာ မုဒိန်းကျင့်ခံရ


အိန္ဒိယမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုဆန့်ကျင်ရေး ဆန္ဒပြနေကြသော ကျောင်းသားများ။
အိန္ဒိယမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုဆန့်ကျင်ရေး ဆန္ဒပြနေကြသော ကျောင်းသားများ။
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ အမျိုးသမီး ဓာတ်ပုံသတင်းထောက်တစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ဒီဇင်ဘာလအတွင်းက အမျိုးသမီးငယ်တစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တာကြောင့် အဲဒီဒဏ်ရာနဲ့ သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်ကို ပြန်ပြောင်း သတိရစေခဲ့ပါတယ်။

ကြာသာပတေးနေ့တုန်းက အုပ်စုဖွဲ့ပြီး အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီး သတင်းထောက်ဟာ ဆေးရုံမှာရှိနေပြီးတော့ အခြေအနေကောင်းမွန်လာနေပြီလို့ ဆေးဝန်ထမ်းတွေက ပြောပါတယ်။ သူမဟာ လူတွေ မရှိတော့တဲ့ အထည်ချုပ်စက်ရုံကိုသွားပြီးတော့ ဓာတ်ပုံရိုက်ကူးနေချိန်မှာ အမျိုးသား ၅ ယောက်က ဝိုင်းပြီးတော့ အဓမ္မပြုကျင့်ခံခဲ့ရတာလို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

သူမနဲ့အတူ အမျိုးသားသတင်းထောက်တစ်ယောက် ပါသွားခဲ့ပေမဲ့ အဓမ္မပြုကျင့်ခံရချိန်မှာ အဲဒီ အမျိုးသားကို ကြိုးနဲ့တုပ်ထားတယ်လို့ ပြောပါတယ်။
XS
SM
MD
LG