ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ ကော်မရှင် တရပ် ကို နိုင်ငံတော် သမ္မတ က ဒီကနေ့ ဖွဲ့စည်းပေး လိုက်ပါတယ်။ ဒီကော်မရှင်အနေနဲ့ နိုင်ငံတကာက လက်ခံနိုင်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး၊ အစီရင်ခံစာမျိုး ပေါ်ထွက်လာနိုင်တယ်လို့ ကော်မရှင်အဖွဲ့ဝင် တဦးဖြစ်သူ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောကြားလိုက်ပါတယ်။
အဖွဲ့ဝင် ၃၀ နီးပါး ပါဝင်တဲ့ ဒီကော်မရှင်ဟာ ဘာသာရေး၊ လူမှုရေး နယ်ပယ်စုံက အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်နေတာကြောင့် လွတ်လပ်မှုရှိပြီး အဖြစ်အပျက်ကို အခြေအနေ မှန်အတိုင်း တင်ပြနိုင်လိမ့်မယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။
“ကျနော်ထင်ပါတယ်၊ လွတ်လပ်တဲ့ အစိုးရရဲ့ အာဏာစက်အောက်ကလွတ်တဲ့ ကော်မရှင်ဖြစ်ဖို့ များ ပါတယ်။ ဘာလို့လဲဆိုရင် စာရင်းမှာပါတဲ့အတိုင်း ပဲလေ၊ စာရေးဆရာတွေ၊ နောက် ၈၈ ကျောင်း သားတွေ၊ ဇာဂနာလို ပုဂ္ဂိုလ်တွေ-နောက် ပါတီစုံက ပုဂ္ဂိုလ်တွေ၊ ဘာသာစုံက ပုဂ္ဂိုလ်တွေ ပါဝင်နေ တယ် ဆိုတာကိုက လွတ်လပ်တဲ့ စုံစမ်းရေး မစ်ရှင်တခုဖြစ်ဖို့ သေချာ သလောက် ဖြစ်ပါတယ်။”
ဒီရခိုင်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်သွင်း ဆွေးနွေးဖို့အတွက် နိုင်ငံတကာ မူဆလင် အသိုင်းအဝိုင်းကလည်း အခုချိန်မှာ ဖိအားပေးနေကြ တာလည်း ဖြစ်ပါတယ်။ ဒီအရေးမှာတော့ နိုင်ငံ တကာ အသိုင်းအဝိုင်း အနေနဲ့လည်း အမှန်အတိုင်း ရှုမြင်သုံးသပ်ဖို့ လိုအပ်တယ် လို့ ဒေါက် တာ အေးမောင်က ပြောပါတယ်။
“နိုင်ငံတကာက လက်ခံနိုင်တဲ့ စုံစမ်းရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတခု ပေါ်ထွန်းလာနိုင်ပါတယ်။ ခုနက ကျနော်တင်ပြခဲ့တဲ့ လွတ်လပ်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်နေတာကို ကြည့်ခြင်းအားဖြင့် ပေါ်ထွန်း လာနိုင်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ နိုင်ငံတကာက ကြည့်တဲ့အခါမှာလည်းပဲ ဒီမှာ ဖြစ်တဲ့ ဥစ္စာကို အဖြစ်မှန်ပေါ်မှာ သုံးသပ်ကြည့်ဖို့ လိုပါတယ်။ တကယ်ဖြစ်ပျက်ခဲ့တာက တမျိုး၊ ပြင်ပမှာ အခုနကလို သတင်းပျံ့နှံ့မှုအရ ဖြစ်ပေါ်နေတဲ့ သတင်းတွေ အပေါ်မှာ အခြေခံပြီး သုံးသပ်တဲ့အခါမှာ တမျိုးဖြစ်နေတာတွေ ကြုံတွေ့ကြရပါတယ်။ အဲဒါကြောင့် လွတ်လပ်တဲ့ ကော်မရှင်ဟာ နိုင်ငံတကာ ကနေ လက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ဖွဲ့စည်းထားတာ ဆိုတာကိုလည်း တွေ့ရတာဆိုတော့ စုံစမ်း စစ်ဆေးချက်တွေဟာလည်းပဲ နိုင်ငံတကာက လက်ခံနိုင်တဲ့ အချက်အလက်တွေ ပေါ်ထွန်းလာဖို့ ကျနော်တို့ကတော့ ယူဆ ယုံကြည်ပါတယ်။”
ပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီးတော့ ရေတို ရေရှည် ဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိမှာဖြစ်သလို ဆင်းရဲနွမ်းပါးတဲ့ ဒီဒေသမှာ နေထိုင်ကြသူတွေ အားလုံးအတွက် အလုပ်အကိုင် အခွင့်အလန်း ဖန်တီးနိုင်ဖို့လည်း အဓိက ကျတယ်လို့ ဒေါက်တာ အေးမောင်က ဆိုပါတယ်။
“နောင် မဖြစ်အောင် ဘယ်လို ဖြေရှင်းပေးသင့်သလဲဆိုတဲ့ ကဏ္ဍမျိုးကတော့ တော်တော်လေးကို သိမ်သိမ်မွေ့မွေ့နဲ့ ရေရှည်မျှော်မှန်းတဲ့ ဖြေရှင်းမှုမျိုးမှ သာလျှင် ဖြေရှင်းမှု အမှန်လို့ သုံးသပ်လို့ ရမှာပါ။ အထူးသဖြင့် ဒီဒေသမှာနေတဲ့ ဒေသခံတွေနဲ့ ဝင်ရောက်လာနေထိုင်ကြတဲ့ ပုဂ္ဂိုလ်တွေ ကြားမှာ တူညီတာ တခုတော့ ရှိပါတယ်။ အဲဒါက ဘာလဲဆိုရင် ဗမာပြည်ရဲ့ အဆင်းရဲဆုံးဒေသ ဖြစ်နေတာပါ။ အလုပ်အကိုင်၊ အခွင့်အလမ်းရှားပါးတယ်။ ဒီဒေသမှာ မူရင်း နေထိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ မူရင်းဒေသ ရပ်ရင်း၊ ရွာရင်းကို စွန့်ခွာပြီးမှ သူများနိုင်ငံတွေမှာ အလုပ်အကိုင် အခွင့်အလမ်းအတွက် ရှာနေကြတာ ရှိပါတယ်။ အဲဒါကြောင့် ရေခံ၊ မြေခံကောင်းတဲ့ ဒီဒေသမှာ လူမျိုးစုံ အလုပ်အတူတူလုပ်ပြီးကာမှ ရင်းနှီးမှုကို ရရှိအောင် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုနဲ့ လျှပ်စစ်ဓာတ်အား ရရှိမှု အပေါ်မှာ မူတည်ပြီးကာမှ ဖွံ့ဖြိုးလာဖို့ လိုအပ်ပါတယ်။”
ဒီ ကော်မရှင် ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတက ဒီနေ့ ထုတ်ပြန် ကြေညာတာဖြစ်ပြီး ကော်မရှင် အဖွဲ့ဝင်တွေ အနေနဲ့ အသေးစိတ် တွေ့ဆုံ ညှိနှိုင်းခြင်း မျိုးတော့ တစုံတရာ မရှိသေးဘူးလို့ လည်း ပြောပါတယ်။