သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေးလက်မှတ်ထိုးလို့ မြန်မာစစ်အရာရှိတဦး ထောင် (၂) နှစ်ကျ


အင်းစိန်အကျဉ်းထောင်ဦးစီးဌာနနဲ့ အခြေခံဥပဒေစာအုပ်
အင်းစိန်အကျဉ်းထောင်ဦးစီးဌာနနဲ့ အခြေခံဥပဒေစာအုပ်

မြန်မာနိုင်ငံမှာဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုးခဲ့တဲ့ ဗိုလ်မှူးကျော်စွာဝင်းကို အာဏာပိုင်တွေက ထောင်ဒဏ် ၂ နှစ် အပြစ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဗိုလ်မှူးကျော်စွာဝင်းကို အဲဒီ ထောင်ဒဏ် ၂ နှစ် ချမှတ်အပြစ်ပေးလိုက်တဲ့အကြောင်း ဇနီးသည်ကပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဒီကနေ့ ဖော်ပြထားတာပါ။

သူ့အမှုကို စစ်ခုံရုံးတင် စစ်ဆေးတဲ့အချိန် ဥပဒေလမ်းကြောင်းအရ ခုခံနိုင်အောင် ရှေ့နေငှားရမ်းခွင့်မရခဲ့ဘဲ အမိန့်မနာခံမှုနဲ့ ထောင်ဒဏ်နှစ်နှစ် အပြစ်ပေးလိုက်ခြင်းဖြစ်တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုထံလက်မှတ် တွေ ကောက်ယူနေချိန်မှာ ဗိုလ်မှူးကျော်စွာဝင်းလည်း ပါဝင်လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ ဟာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဓိက အရေးပါတဲ့ အချက်ဖြစ်နေတာကြောင့် NLD အပါအဝင် အတိုက်အခံ အင်အားစုတွေက ဒီအချက်ကိုပြင်ဆင်နိုင်ရေး လိုက်လံ စည်းရုံးနေတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ လွှတ်တော်အမတ် ဦးဝင်းမြင့် က ၂၀၀၈ အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် အရေးကြီးတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ နိုဝင်ဘာ ၁၃ ရက်က ပြည်ထောင်စု လွှတ်တော်မှာ အဆိုတင်ခဲ့တာမှာလည်း တပ်မတော်သား လွှတ်တော်အမတ်တွေက ပြင်ဆင်ခြင်း မပြုဖို့ ကန့်ကွက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG