သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံဖွံ့ဖြိုးရေး လျှပ်စစ်ဓာတ်အား အရေးကြီး


ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဝန်ဆောင်မှုမြင်ကွင်း။
ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဝန်ဆောင်မှုမြင်ကွင်း။
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားရရှိရေး အရေးတကြီး ကူညီဆောင်ရွက်ပေးဖို့ လိုအပ်နေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB ကပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေအားလုံးရဲ့ ၄ ပုံ တပုံပဲ လျှပ်စစ်ဓာတ်အား ရရှိတဲ့ အခြေအနေ ဖြစ်နေတာပါ။

လျှပ်စစ်ဓာတ်အား ချို့တဲ့နေသရွေ့ တိုင်းပြည်ရဲ့စီးပွားရေးကောင်းမွန်အောင် ကြိုးပမ်းနေမှုအပေါ် ဆိုးဆိုးရွားရွား အဟန့်အတား ဖြစ်နေလိမ့်မယ်လို့ မနီလာမှာ အခြေစိုက်တဲ့ အာရှဖွံ့ဖြိုးရေး ဘဏ် က ပြောပါတယ်။ မြန်မာနိုင်ငံက လူတဦးချင်းစီရဲ့ လျှပ်စစ်စွမ်းအား အသုံးပြုနိုင်မှုအခြေအနေဟာ အာရှတိုက်အတွင်း အနည်းပါးဆုံးနိုင်ငံတွေထဲမှာ ပါပါတယ်။ ADB ရဲ့ ခန့်မှန်းတွက်ချက်မှုအရ လူ ၄ ယောက်မှာ တယောက်သာ လျှပ်စစ်အသုံးပြုနိုင်တဲ့ အနေအထားမှာရှိတယ်လို့ ဆိုပါတယ်။ တချို့အစွန်အဖျားဒေသတွေမှာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်တဲ့ အနေအထားဟာ ၁၆ % လောက်ပဲ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ စွမ်းအင်အခြေအနေနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်ရာမှာ လျှပ်စစ်ဓာတ်အား ထုတ်နိုင်အောင် လုံလောက်တဲ့ အခြေအနေ ရှိကြောင်း တွေ့ရှိရတယ်လို့ ADB ကပြောပါတယ်။ ရေနံနဲ့ သဘာဝရဲ့ ရှာဖွေတူးဖော်မှုတွေရှိတဲ့အပြင် တခြား သယံဇာတ အရင်းအမြစ်တွေလည်း ရှိပါတယ်။

ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ဖို့အတွက် စွမ်းအင်သုံးစွဲနိုင်မှု ပြုပြင်ပြောင်းလဲရေးမှာ ဘဏ္ဍာရေးအခြေအနေ အားနည်းနေမှုက အဟန့်အတား ဖြစ်နေတယ်လို့ ADB ကပြောပါတယ်။ ဆယ်စုနှစ်များစွာ စစ်အုပ် ချုပ်ရေးလက်အောက် စီးပွားရေး နိုင်ငံရေး အထီးကျန်ဖြစ်နေခဲ့ပြီး ဖွံ့ဖြိုး တိုးတက်မှု မရှိသေး တဲ့ မြန်မာနိုင်ငံဟာ ပြန်လည်နလံထူလာတဲ့ အခြေအနေမှာ ရှိနေပြီ ဖြစ်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG