သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AFC U19 ပွဲ ကာတာကို မြန်မာရှုံးနိမ့်


မြန်မာအသင်းက ထိုက်ထိုက်အောင် (ဝဲ) နဲ့ ကာတာအသင်းက Saltan Hussain M H Al-Brake တို့ ဘောလုံးလုနေစဉ်။ (အောက်တိုဘာ ၂၀၊ ၂၀၁၄)
မြန်မာအသင်းက ထိုက်ထိုက်အောင် (ဝဲ) နဲ့ ကာတာအသင်းက Saltan Hussain M H Al-Brake တို့ ဘောလုံးလုနေစဉ်။ (အောက်တိုဘာ ၂၀၊ ၂၀၁၄)

အာရှအဆင့် ပြိုင်ပွဲကြီးတခုဖြစ်တဲ့ AFC U 19 ပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက ကာတာအသင်းကို သုံးဂိုး နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲစဉ် ပထမပိုင်းမှာ ကာတာအသင်းက ၁ ဂိုး အနိုင်နဲ့ ဦးဆောင်ကစားခဲ့ပြီး ဒုတိယပိုင်းမှာ မြန်မာအသင်းက နှစ်ဂိုးဆက်တိုက် သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ကာတာအသင်းက နောက်တဂိုး သွင်းယူလိုက်တာကြောင့် မြန်မာနဲ့ ကာတာ သရေကျပြီး အချိန်ပို မိနစ်သုံးဆယ် ကစားခဲ့ရပါတယ်။ အချိန်ပို ပထပိုင်း စလို့ မကြာမီမှာပဲ ကာတာအသင်းက မြန်မာအသင်းကို နောက်တဂိုး သွင်းယူလိုက်ပြီး အချိန်ပို မိနစ် ၃၀ ပြီးဆုံးချိန်အထိ မြန်မာက ချေပဂိုး မသွင်းနိုင်တာကြောင့် ကာတာအသင်းကို နှစ်ဂိုး သုံးဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဒီပွဲမတိုင်ခင်လုပ်တဲ့ မြောက်ကိုရီယားနဲ့ ဥဇဘတ်အသင်းတို့ ကစားရာမှာတော့ မြောက်ကိုရီးယားက ဥဇဘတ်အသင်းကို ၅ ဂိုး ၀ နဲ့ အနိုင်ရထားတာကြောင့် နောက်ဆုံးဗိုလ်လုပွဲကိုတော့ မြောက်ကိုရီယားအသင်းနဲ့ ကာတာအသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ကတော့ တတိယနေရာအတွက် ဥဇဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် ၂၀၁၅ ခုနှစ် နယူးဇီလန်မှာကျင်းပမယ့် U20 ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG