သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ဗုံးခွဲ တိုက်ခိုက်မှု ၂၂ ဦး ထက် မနည်း သေဆုံး


ဖေဖော်ဝါရီလ ၂၇ရက်နေ့က ကာဘူးမြို့ရှိ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားသည့် နေရာသို့ သွားနေသော အာဇဂန် လုံခြုံရေး တပ်ဖွဲ့ဝင်များ။
ဖေဖော်ဝါရီလ ၂၇ရက်နေ့က ကာဘူးမြို့ရှိ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားသည့် နေရာသို့ သွားနေသော အာဇဂန် လုံခြုံရေး တပ်ဖွဲ့ဝင်များ။

အာဖဂန်နစ္စတန်နိုင်ငံမှာ အသေခံဗုံးခွဲသမားတဦးက မြို.တော်ကာဘူးရှိ ကာကွယ်ရေး ဝန်ကြီးဌာန နားက အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကို ဒီနေ့ တိုက်ခိုက်ခဲ့တာကြောင့် လူအနည်းဆုံး ၉ ဦးသေဆုံးပြီး၊ ၁၃ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

ဒီမတိုင်ခင် ဒီနေ့မှာပဲ အာဖဂန်အရှေ.ပိုင်း ပါကစ္စတန်နယ်စပ်နားမှာ အသေခံဗုံးခွဲသမားတစ်ဦး လက်ချက်ကြောင့် လူ အနည်းဆုံး ၁၃ သေဆုံးသွားပြီး၊ လူ ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အာဖဂန်အရာရှိတွေကဆိုပါတယ်။

ကာဘူး မြို့တော်က တိုက်ခိုက်မှုကို မျက်မြင် ကြုံခဲ့ရသူတွေက အစိုးရ ကယ်ဆယ်ရေး တပ်ဖွဲ့တွေအနေနဲ့ ကျဆုံးခဲ့တဲ့အလောင်းတွေနဲ့ ဒဏ်ရာ ရထားသူတွေကို မြို.တော်က ဆေးရုံတစ်ခုကို ပို့ဆောင်ပေးနေစဉ် ခုလို တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က VOA ကိုပြောရာမှာ ကာဘူးမှာ သူတို့လုပ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် အာဖဂန် ကြည်းတပ်အရာရှိ ၂၃ ဦး သေကျေခဲ့ပြီး၊ အများကြီး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီ တာလီဘန် သူပုန်တွေအနေနဲ့ ခုလို တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ကျဆုံးသူ စာရင်းပေးရင် ပိုပြီးပြောလေ့ရှိပါတယ်။

အာဖဂန်နစ္စတန် ခေါင်းဆောင် Abdullah Abdullah က ဒီအကြမ်းဖက်မှုကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပြီး၊ ခုလို အကြမ်းဖက်မှုတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တွဲပြီး တပြိုင်ထဲ လုပ်လို့ မရဘူးလို့ သတိပေး လိုက်ပါတယ်

တကယ်တော့ Abdullah အနေနဲ့ ခုလိုပြောလိုက်တာက ရှေ့အပတ် ပါကစ္စတန်မှာ အာဖဂန် အစိုးရနဲ့ တာလီဘန် သူပုန်တွေအကြား တိုက်ရိုက်ဆွေးနွေးပွဲတွေ လုပ်ဖို့ အစိုးရဘက်က ကမ်းလှမ်းထားတဲ့အကြောင်းကို ရည်ရွယ်ပြီး ပြောခဲ့တာပါ။

အာဖဂန် အစိုးရ အကြီးအကဲ Abdullah က ဆက်ပြီး သူပုန်တွေအနေနဲ့ အနာဂတ်ကောင်းဖို့ အကြမ်းဖက်မှုတွေမလုပ်ပဲ ငြိမ်းချမ်းရေး လမ်းကြောင်းပဲ ရွေးသင့်တယ်လို တိုက်တွန်းခဲ့ပါတယ်။

အာဖဂန်အရှေ.ပိုင်း Kunar ပြည်နယ်မြို့တော် Asadabad မှာဖြစ်တဲ့ တိုက်ခိုက်မှုမှာတော့ ဗုံးခွဲသမားအနေနဲ့ မော်တော်ဆိုင်ကယ်မောင်းလာပြီး အုပ်ချုပ်ရေးမှုးရုံး အဝင်အဝနားမှာ ကိုယ့်ဟာကို ဗုံးခွဲပစ်လိုက်တာလို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေထဲမှာ တာလီဘန် နှိမ်နင်းရေး ဒေသခံ ပြည်သူ့စစ်တပ်မှုး Malik Khan Jan လဲ ပါသွားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အနီးနားဖြတ်သွားတဲ့ (ဒါမှမဟုတ်) အနီးနားက ပန်းခြံထဲမှာ ကစားနေတဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား အများစု ထိခိုက် သေကျေခဲ့ရတယ်လို့ ပြည်နယ်အရာရှိတွေကဆိုပါတယ်။ ဒဏ်ရာပြင်းထန်သူ ၇ ဦးကိုတော့ အနီးနားက Nangarhar ပြည်နယ်က ဆေးရုံပို့ထားပါတယ်။

XS
SM
MD
LG