သုံးရလွယ်ကူစေသည့် Link များ

ပါကစ္စတန် ငလျင် ကယ်ဆယ်ရေး အစိုးရ အစွမ်းကုန် ဆောင်ရွက်မည်


ပါကစ္စတန် နိုင်ငံမှာ ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျူရှိ ငလျင်လှုပ်ခတ်ခဲ့။
ပါကစ္စတန် နိုင်ငံမှာ ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျူရှိ ငလျင်လှုပ်ခတ်ခဲ့။

ပါကစ္စတန်နိုင်ငံနဲ့ အာဖဂနစ္စတန် နိုင်ငံတို့မှာ မနေ့ တနလာၤနေ့က ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျု ငလျင်ကြောင့် ထိခိုက်ခဲ့ရတဲ့ ဝေးလံ ခေါင်သီတဲ့ ဒေသတွေကို ကယ်ဆယ်ရေး သမားတွေ ရောက်ရှိဖို့ ကြိုးစားနေကြပါတယ်။ ငလျင်ကြောင့် လူပေါင်း ၃၅၀ နီးပါး သေဆုံးခဲ့ရပြီး လူ ၂ ထောင်တို့ ဒဏ်ရာရခဲ့ပါတယ်။

အာဖဂနစ္စတန် နိုင်ငံ မြောက်ပိုင်း လူနေကျဲတဲ့ Badakhshan ခရိုင်မှာ ဗဟိုပြု လှုပ်ခတ်ခဲ့ပေမယ့် သေဆုံးဒဏ်ရာရမှုကတော့ ပါကစ္စတန် အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ခရိုင် အတွင်းမှာ ဖြစ်ပြီး အနည်းဆုံး လူ ၁၈၅ ယောက် သေဆုံးပြီး လူပေါင်း ၁,၄၅၀ တို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ငလျင်ကြောင့် ထိခိုက်ခဲ့ရသူတွေကို အစိုးရဘက်က အစွမ်းကုန် ကူညီလုပ်ဆောင်ပေးသွားမှာ ဖြစ်ပြီး အာဏာပိုင်တို့ဘက်က အလုံးစုံ လေ့လာ ဆန်းစစ်ပြီးနောက်မှာ ကယ်ဆယ်ရေး အစီအစဉ်ကို ကြေညာမယ်လို့ ဒီကနေ့မှာဘဲ ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif က ပြောဆိုလိုက်ပါတယ်။

အာဖဂနစ္စတန် မြောက်ပိုင်း လူနေကျဲတဲ့ Badakhshan ခရိုင်မှာ ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း တုံ့ပြန်ကယ်ဆယ်ရေးနဲ့ အပျက်အစီး အခြေအနေတွေကို သိရဖို့ အတွက် ပါကစ္စတန် ဝန်ကြီးချုပ်က အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပါကစ္စတန် စစ်တပ်ဘက်ကရော အရပ်ဘက် အကူအညီပေးရေး အဖွဲ့တွေပါ ငလျင်ဒဏ်သင့်တဲ့ ဒေသတွေကို ရဟတ်ယာဉ်တွေ၊ မိုးကာတဲတွေ၊ စောင်တွေနဲ့ အစားအသောက်တွေကို ဒီကနေ့မှာ ပို့ဆောင်ပေးနေကြပါတယ်။

တာလီဘန် သူပုန်တို့ကလည်း ငလျင်ကယ်ဆယ်ရေး အတွက် အကူအညီပေးရေး အဖွဲ့တွေ အနေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆိုင်းငံ့ခြင်း မရှိဘဲ လုပ်ဆောင်ကြဖို့ ကြေညာချက် ထုတ်ပြန် ပြောဆိုသလို တာလီဘန် တိုက်ခိုက်ရေး သမားတွေကလည်း ငလျင်ဒဏ်ခံစားခဲ့ရသူတွေကို အကူအညီတွေ ရောက်ရှိစေရေး ကူညီပေကြဖို့ ညွှန်ကြားထားပါတယ်။ အာဖဂနစ္စတန် မှာတော့ ငလျင်ကြောင့် လူပေါင်း ၇၆ ဦး သေဆုံးပြီး ၂၆၈ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးဒဏ်ရာရမှု အရေအတွက် တိုးလာနိုင်တယ်လို့ အာဖဂန် အစိုးရ အဖွဲ့ အကြီးအကဲ Abdullah Abdullah က ဒီကနေ့မှာဘဲ ပြောဆိုထားပါတယ်။

XS
SM
MD
LG