သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်သမ္မတ အိမ်တော်ဝင်း တိုက်ခိုက်ခံရ


သမ္မတနန်းတော်အဝင် စစ်ဆေးဂိတ်မှာ အာဖဂန်လုံခြုံရေး တပ်ဖွဲ့တွေ စုံစမ်းစစ်ဆေးနေစဉ် (၂၅ ဇွန် ၂၀၁၃)
သမ္မတနန်းတော်အဝင် စစ်ဆေးဂိတ်မှာ အာဖဂန်လုံခြုံရေး တပ်ဖွဲ့တွေ စုံစမ်းစစ်ဆေးနေစဉ် (၂၅ ဇွန် ၂၀၁၃)
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော် သမ္မတနန်းတော်နားမှာ အင်္ဂါနေ့ လင်းအားကြီးက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ က နှိမ်နင်းလိုက်ပြီးတဲ့နောက် လုံခြုံရေးတပ်သား ၃ ဦးနဲ့ ရန်သူအဖွဲ့ဝင် အားလုံး သေဆုံးခဲ့တယ်လို့ အာဖဂန်အာဏာပိုင်တွေဘက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်ဆိုပြီးတော့ တာလီဘန်တွေဘက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တိုက်ခိုက်မှုဖြစ်တဲ့ နေရာအနားတဝိုက်မှာ လူနေအိမ်တွေ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာတွေနဲ့ အမေရိကန်သံရုံးတို့ ရှိနေပြီးတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ပေါက်ကွဲသံတွေ၊
သေနတ်သံတွေ ကျယ်ကျယ်လောင်လောင်နဲ့ ကြားခဲ့ရပါတယ်။

သမ္မတနန်းတော်နားကို ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ မော်တော်ယာဉ်နှစ်စင်းနဲ့ ဖောက်ခွဲမှုတွေ လုပ်ခဲ့တာဖြစ်တယ်ဆိုပြီးတော့ တာဝန်ရှိသူတွေက ပြောပါတယ်။ မော်တော်ယာဉ်တစင်းပေါ်မှာ စစ်ဝတ်စုံတွေ ဝတ်ပြီးတော့ စစ်သားယောင် ဆောင်ထားတဲ့ တာလီဘန်တွေက စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော် ဝင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယယာဉ်ကတော့ ဒီစစ်ဆေးရေးဂိတ် အပြင်ဘက်မှာ ရပ်တန့်ခိုင်း ခံခဲ့ရပြီးနောက် တိုက်ခိုက်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ သမ္မတနန်းတော်မှာ အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်းရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ဖို့အတွက် သတင်းသမားတွေ စုရုံးနေချိန်မှာ အခုလို တိုက်ခိုက်မှု ကြုံခဲ့တာပါ။ သမ္မတ ခါဇိုင်း ဘယ်ရောက်နေသလဲဆိုတာကိုတော့ အခုထက်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
XS
SM
MD
LG