သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် IS ခေါင်းဆောင်တဦး ကန် drone နဲ့ ပစ်ခတ်မှုကြောင့်သေဆုံး


အမေရိကန်တွေရဲ့ မောင်းသူမဲ့ drone ယာဉ်။
အမေရိကန်တွေရဲ့ မောင်းသူမဲ့ drone ယာဉ်။

အမေရိကန်တွေရဲ့ မောင်းသူမဲ့ drone ယာဉ်နဲ့ ကြာသပတေးနေ့ တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန် အရှေ့ပိုင်းဒေသက စစ်သွေးကြွတွေရဲ့ ထိပ်တန်း ခေါင်းဆောင်ဟာ တခြား သူပုန် အနည်းဆုံး ၁၁ ဦးနဲ့ အတူ သေဆုံးသွားတယ်လို့ အရာရှိတွေက ပြော ပါတယ်။

ဒုံးကျည်နဲ့ ပစ်ခတ်မှုကို တည်ငြိမ်မှု မရှိတဲ့ ဝေးလံခေါင်ဖျား ဒေသဖြစ်တဲ့ Nangarhar ခရိုင်ထဲက Achin အရပ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒေသမှာ IS တွေက သူတို့ရဲ့ ဌာနချုပ်ကို ထားရှိမယ်လို့ ယုံကြည်ရပါတယ်။

အဲ့ဒီဒေသမှာ ကြာသပတေးနေ့က လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့ကြောင်း အာဖဂန်မြို့တော် Kabul က အမေရိကန် စစ်တပ်အရာရှိတွေက ပြောပါတယ်။ ဒါပေမယ့် ထိခိုက် ဒဏ်ရာရသူတွေထဲမှာ IS ဒေသခေါင်းဆောင် Hafiz Saeed Khan သေဆုံးမှု ရှိ၊ မရှိ အတည်ပြုနိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။

Nangahar ခရိုင် အုပ်ချုပ်ရေးမှူး ပြောခွင့်ရကတော့ သေဆုံးသူဟာ Khorasan ဒေသ ရဲ့ အိုင်အက်စ်ခေါင်းဆောင် Hafiz Saeed Khan နဲ့ သူ့လူတွေ ဖြစ်ကြောင်း တရားဝင် ပြောကြားခဲ့ပါတယ်။

အမေရိကန်တွေရဲ့ drone ယာဉ်တွေ နဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ စိပ်လာတာနဲ့အမျှ Nangahar ခရိုင်က IS တွေရဲ့ အခြေစိုက်စခန်းမှာ အသေအပျောက်များလာတယ်လို့ သတင်းတွေ ထွက်နေတာပါ။ IS အဖွဲ့ကတော့ ကြာသပတေးနေ့ တိုက်ခိုက်မှုနဲ့ ပါတ်သက်ပြီး တစုံတရာ ချက်ချင်းတုန့်ပြန်တာမျိုး မရှိသေးပါဘူး။

XS
SM
MD
LG