သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်သမ္မတ ရွေးကောက်ပွဲ နိုင်ငံခြားရေး ဝန်ကြီးဟောင်း အသာစီးရ


'Yar majalisar dattawan Amurka ta halarci gangamin neman a dawo da 'yan matan cibok da aka gudanar a Abuja
'Yar majalisar dattawan Amurka ta halarci gangamin neman a dawo da 'yan matan cibok da aka gudanar a Abuja
အာဖဂန်နစ္စတန်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ အခုချိန်ထိနောက်ဆုံးရတဲ့ ရလဒ်တွေအရ နိုင်ငံခြားရေးဝန်ကြီးဟောင်း Abdullah Abdullah အသာစီး ရနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ အနိုင်ရသူအဖြစ်ကြေညာနိုင်မယ့် မဲ ၅၀% ကျော် ရဖို့တော့ အများကြီး လိုနေပါသေးတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်က မဲတဝက်နီးပါး ရေတွက်ပြီး ရလာဒ်တွေအရ Abdullah အနေနဲ့ ၄၄% နဲ့ ထိပ်ဆုံးကပြေးနေပြီး သူ့ရဲ့ အဓိကပြိုင်ဖက် ဘဏ္ဍာရေးဝန်ကြီးဟောင်း Ashraf Ghani ကတော့ မဲ ၃၃% နဲ့ ဒုတိယလိုက်နေပါတယ်။

ဧပြီလ ၅ ရက်နေ့ကကျင်းပခဲ့တဲ့ ဒီ သမ္မတရွေးကောက်ပွဲ မဲပေးသူစုစုပေါင်း ၇ သန်းရဲ့ ကျန်တဲ့မဲတွေကို ဆက်ရေတွက်နေပြီး နောက်ဆုံး ရလဒ်ကိုတော့ မေလ ၁၄ ရက်နေ့ကျမှ ကြေညာနိုင်မှာဖြစ်ပါတယ်။

လက်ရှိ သမ္မတလောင်း ၈ ဦးပြိုင်ဆိုင်နေရာမှာ တဦးဦးက မဲ ၅၀% ကျော် အများစု မရရင်တော့ ထိပ်ဆုံးရသူ ၂ ဦးအနေနဲ့ ဒုတိယ အကြော့ ဆက်ပြိုင်ကြရမှာဖြစ်ပါတယ်။ အနိုင်ရသူကို အာဏာလွှဲပြောင်းပေးရမဲ့ လက်ရှိ သမ္မတ Hamid Karzai ကတော့ တတိယအကြိမ် သမ္မတအဖြစ် ဆက်အရွေးခံဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေက တားမြစ်ထားပါတယ်။

သမ္မတ Karzai အနေနဲ့ ၂၀၀၁ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက အဲ့ဒီအချိန်က တာလီဘန် အစိုးရကို တိုက်ထုတ်ပေးခဲ့ပြီးကတည်းက သမ္မတတာဝန် ယူလာခဲ့တာဖြစ်ပါတယ်။

၂၀၀၉ သမ္မတ ရွေးကောက်ပွဲတုန်းက သမ္မတ Karzai နဲ့ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့တဲ့ Abdullah က ဒီတခေါက်ရွေးကောက်ပွဲ ပထမအကြော့မှာပဲ ၅၀% ကျော်နဲ့နိုင်ဖို့ မျှော်လင့်ထားတယ်။ မရယင်လည်း ဒုတိယအကြော့ ဆက်ပြိုင်ဖို့ အသင့်ရှိတယ်လို့ ဆိုခဲ့ပါတယ်။

အာရေဗျကျွန်းဆွယ်၊ အယ်လ်ကိုင်းဒါးလို့ လူသိများတဲ့ ယီမင်နိုင်ငံက အယ်လ်ကိုင်းဒါအဖွဲ့ဟာ အမေရိကန်တွေကို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်မှုတွေ အတော်များများလုပ်တဲ့အဖွဲ့ဖြစ်ပါတယ်။ အဲဒီလို တိုက်ခိုက်ဖို့ ကြံစည်တဲ့အထဲမှာ ဗုံးခွဲသမားက သူရဲ့ အတွင်းခံ ဘောင်းဘီထဲမှာ ပေါက်ကွဲစေတဲ့အရာဝတ္ထုတွေကို ဝှက်ပြီး အမေရိကန်ကိုသွားတဲ့ လေယာဉ်တစင်းကို ဗုံးခွဲဖျက်ဆီးဖို့နဲ့ အမေရိကန်ကိုသွားတဲ့ လေယာဉ်တစင်းပေါ်မှာ ကွန်ပျူတာ ပရင်တာမှင်ဗူးတွေကြားထဲမှာ ဝှက်ထားတဲ့ စာအိတ်ဗုံးတွေ ပါဝင်ပါတယ်။
XS
SM
MD
LG