သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်သမ္မတ တာလီဘန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမည်


အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း။
အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း။
အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ခါဇိုင်းဟာ ပါရှန်ပင်လယ်ကွေ့ အာရပ်နိုင်ငံမှာ တာလီဘန်ရုံးဖွင့်ဖို့အရေး ဖြစ်လာနိုင်တဲ့ အခြေအနေကို ဆွေးနွေးဖို့အတွက် ကာတာနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီလို ဖွင့်လှစ်နိုင်ဖွယ်ရှိတဲ့ စစ်သွေးကြွအဖွဲ့ရဲ့ ရုံးဟာ အာဖဂန်နစ္စတန်နိုင်ငံတွင်းမှာ ၁၁ နှစ်ကြာစစ်ပွဲ အဆုံးသတ်နိုင်စေဖို့အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်တဲ့နေရာမှာ အထောက်အကူတွေ ဖြစ်စေနိုင်ပါလိမ့်မယ်လို့ အာဖဂန်အာဏာပိုင်တွေက ပြောပါတယ်။

ကာတာနိုင်ငံကို တရားဝင်ခရီးသွားရောက်စဉ်အတွင်း မစ္စတာ ခါဇိုင်းဟာ ရုံးဖွင့်ဖို့အရေး ဆွေးနွေးလိမ့်မယ်လို့ အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူက တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်တာပါ။ ကာတာနိုင်ငံ အကြီးအကဲတွေနဲ့ပြုလုပ်မယ့် အစည်းအဝေးကို ရက်သီတင်းပတ် အနည်းငယ်အတွင်း ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အာဖဂန်နိုင်ငံတွင်း စစ်ရေးအရ စွက်ဖက်မှုတွေ ဆက်လက်လုပ်နိုင်အောင် အာဖဂန်အစိုးရ မပါဝင်ဘဲ တာလီဘန်အဖွဲ့ နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ် ဆိုပြီး အတိတ်ကာလတုန်းက သမ္မတ ခါဇိုင်းက စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။ အမေရိကန်ကတော့ ဒီလို တာလီဘန်နဲ့ ဆွေးနွေးစကားပြောဆိုတာမျိုး မရှိပါဘူးလို့ ငြင်းဆိုထားပါတယ်။
XS
SM
MD
LG