သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bagram ထောင် အာဖဂန်အစိုးရကို အမေရိကန်လွှဲပေး


Bagram ထောင် အာဖဂနစ္စတန် အစိုးရထံကို အမေရိကန်က လွှဲပြောင်းပေးအပ်ပွဲကို တက်ရောက်လာတဲ့ အာဖဂန် စစ်သားများ
Bagram ထောင် အာဖဂနစ္စတန် အစိုးရထံကို အမေရိကန်က လွှဲပြောင်းပေးအပ်ပွဲကို တက်ရောက်လာတဲ့ အာဖဂန် စစ်သားများ
အာဖဂန်နစ္စတန်နိုင်ငံက အငြင်းပွားဖွယ် အကျဉ်းထောင်တခုကို ထိန်းချုပ်ရေးကိစ္စကို အမေရိကန်ပြည်ထောင်စုက အာဖဂန် တာဝန်ရှိသူတွေဆီ တရားဝင် လွှဲပြောင်းပေးလိုက်ပါပြီ။ အကျဉ်းသားတချို့ရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး သဘောထားကွဲပြားတာ တွေရှိနေတဲ့ကြားကပဲ အခုလို လွှဲပြောင်းပေးလိုက်တာပါ။

ဘာဂရမ်အကျဉ်းထောင်မှာ အကျဉ်းရုံးကျင်းပတဲ့ အခမ်းအနားတခုအတွင်း အကျဉ်းသား ၃၀၀၀ ကျော်ကို အာဖဂန်တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အကျဉ်းထောင်ကို ထိန်းချုပ်ခွင့်နဲ့ အကျဉ်းသားတွေကို လွှဲပြောင်းပေးတာဟာ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုရဲ့ အောင်ပွဲဖြစ်တယ်ဆိုပြီး အာဖဂန်သမ္မတ ဟာမစ်ဒ် ကာဇိုင်းက ချီးကျူးပြောဆိုခဲ့ပါတယ်။

အကျဉ်းသားအများစုကို လွှဲပြောင်းပေးထားပြီးဖြစ်တယ်လို့ အမေရိကန်စစ်ဘက် တာဝန်ရှိသူတွေက အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း မတ်လမှာ ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာပါ သတ်မှတ်ချက်တွေကို လိုက်နာဖို့ အာဖဂန်အစိုးရရဲ့ ရည်ရွယ်ချက် အပေါ် စိုးရိမ်မှုတွေရှိတာကြောင့် နောက်ထပ် လွှဲပြောင်းပေးဖို့ကို ဆိုင်းငံ့ထားတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

အဲဒီစိုးရိမ်ချက်တွေက ဘာတွေဆိုတာကိုတော့ ချက်ခြင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ သမ္မတ ဟာမစ်ဒ် ကာဇိုင်းနဲ့ အာဖဂန်နစ္စတန်က မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ ထိပ်တန်း တပ်မှူး ဗိုလ်ချုပ်ကြီး John Allen တို့ စနေနေ့က တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် အဲဒီလိုစိုးရိမ်ချက်တွေရှိနေတဲ့ကိစ္စ ထွက်လာတာပါ။
XS
SM
MD
LG