သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့ပိုင်းခရိုင် အမေရိကန်တပ်တွေရုပ်သိမ်းဖို့ အာဖဂန်အမိန့်ထုတ်


A North Korean student choir sings as part of the celebrations for the anniversary of the Korean War armistice agreement, in Pyongyang.
A North Korean student choir sings as part of the celebrations for the anniversary of the Korean War armistice agreement, in Pyongyang.
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းပြည်နယ်တခုမှာ လုံခြုံရေးတာဝန်ယူထားတဲ့ အမေရိကန် အထူးတပ်တွေအားလုံးကို ဖယ်ရှားဖို့ သမ္မတ ဟာမစ်ခါဇိုင်း (Hamid Karzai) က အမိန့်ပေး လိုက်ပါတယ်။ အမေရိကန် အထူးတပ်တွေ ဒါမှမဟုတ် အာဖဂန် မဟာမိတ်တပ်တွေဟာ အရပ်သားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် သမ္မတက ခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

Wardak ပြည်နယ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို အစိုးရက စုံစမ်းစစ်ဆေးခဲ့တာမှာ အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေလို့ သံသယရှိတဲ့ လက်နက်ကိုင်တွေဟာ အပြစ်မဲ့ပြည်သူတွေကို အနှောင့်အယှက်ပေးတာ၊ နှိပ်စက်တာ၊ သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့ တွေ့ရှိခဲ့ကြောင်း သမ္မတ ခါဇိုင်းရဲ့ပြောခွင့်ရသူ Aimal Faizi က တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ Wardak ပြည်နယ်ထဲကနေ အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေအားလုံး သီတင်း ၂ ပတ်အတွင်းမှာ ထွက်ခွာနိုင်အောင်ဆောင်ရွက်ဖို့လည်း အာဖဂန်ကာကွယ်ရေးဌာနကို အမိန့်ပေးထားပြီလို့ သူက ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးမှာ အဓိကဦးဆောင်ပါဝင်တဲ့ အမေရိကန်တပ်တွေအပေါ် အာဖဂန်သမ္မတက ခုလိုမျိုး အမိန့်ထုတ်ပြန်လိုက်တာ ပထမဆုံးဖြစ်ပါတယ်။ မစ္စတာခါဇိုင်းရဲ့အမိန့်ကို သူသိရှိတဲ့အကြောင်း အာဖဂန်နိုင်ငံဆိုင်ရာ အမေရိကန်တပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ် စွပ်စွဲချက်တွေအားလုံးကို အလေးအနက်ထားပြီး မှန် မ မှန် သေသေချာချာ စစ်ဆေးသွားမယ်လို့ ဒုတိယဗိုလ်မှူးကြီး Les Carroll က ဗွီအိုအေကို တယ်လီဖုန်းကနေ ပြောကြားခဲ့ပါတယ်။ အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့လည်း အမေရိကန်တပ် အရာရှိတွေက အာဖဂန်စစ်တပ် တာဝန်ရှိသူတွေနဲ့ အပြည့်အဝ ဆွေးနွေးမယ်လို့ သူကပြောပါတယ်။
XS
SM
MD
LG