သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် ကိုယ်စားလှယ် ပါကစ္စတန် သွားမယ့် ကိစ္စ အာဖဂန် ကန့်ကွက်


တာလီဘန်စစ်သွေးကြွများ။
တာလီဘန်စစ်သွေးကြွများ။

တာလီဘန် စစ်သွေးကြွ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို လာရောက် လည်ပတ်ခွင့် ပေးခဲ့တာနဲ့ ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံကို အာဖဂန်နစ္စတန်က ဝေဖန်လိုက်ပြီး၊ အကြမ်းဖက်ဝါဒီအဖွဲ့အစည်းတခုကို ဒီလိုမျိုး ခွင့်မပြုသင့်ဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။

နယ်စပ်ရေးရာကိစ္စရပ်တွေနဲ့ ပါကစ္စတန်နိုင်ငံမှာ အာဖဂန်ဒုက္ခသည်တွေ ကြုံနေရတဲ့ ပြဿနာတွေကို ပါကစ္စတန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့အတွက် ကာတာမှာအခြေစိုက်ထားတဲ့ တာလီဘန်အဖွဲ့ရဲ့ နိုင်ငံရေးရုံးကနေ အစ္စလာမာဘတ်မြို့ကို ၃ ဦးပါ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ သွားရောက်မယ့် အကြောင်း တာလီဘန်အဖွဲ့က အတည်ပြုပြီး နောက်တရက်မှာပဲ အာဖဂန်နိုင်ငံက ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

ကြာသပတေးနေ့က ကာဘူးမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အာဖဂန်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Shah Hu seen Mur Ta Za We ကတော့ - ဒီလိုကိစ္စမျိုးတွေနဲ့ တခြား နှစ်နိုင်ငံကြား ကိစ္စရပ်တွေကို အာဖဂန်အစိုးရနဲ့သာ ပါကစ္စတန်ဘက်က ဆွေးနွေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

တာလီဘန်အဖွဲ့ရဲ့ ပါကစ္စတန်နိုင်ငံ ခရီးစဉ်ဟာ အကြီးအကျယ် မေးခွန်း ထုတ်စရာ ဖြစ်သလို၊ အကြမ်းဖက်အဖွဲ့အစည်း တခုအနေနဲ့ ဘယ်နိုင်ငံကိုမှ အလည်အပတ်ခရီး သွားလာခွင့် မရှိဘူးလို့လည်း ပြောဆိုခဲ့တာပါ။

ပါကစ္စတန် အာဏာပိုင်တွေ အနေနဲ့ နယ်စပ်ဒေသအငြင်းပွားမှု ပြဿနာတွေနဲ့ ပါကစ္စတန်မှာ အာဖဂန်ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေလို ကိစ္စမျိုးတွေကို အကြမ်းဖက်အဖွဲ့အစည်းတခုနဲ့ ဆွေးနွေးလို့မရတဲ့အကြောင်းနဲ့ ဆွေးနွေးမှုတွေကို အာဖဂန်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းလည်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG