သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးဆုံး


အာဖဂန်နစ္စတန်သမ္မတ ရွေးကောက်ပွဲ အဓိကကျတဲ့ ပြည်နယ်က မဲများရေတွက်နေစဉ်။
အာဖဂန်နစ္စတန်သမ္မတ ရွေးကောက်ပွဲ အဓိကကျတဲ့ ပြည်နယ်က မဲများရေတွက်နေစဉ်။
စနေနေ့ကကျင်းပတဲ့ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်အများအပြား မဲပေးခဲ့ကြပြီးတဲ့နောက် မဲရုံတွေ ပိတ်သွားပါပြီ။

တိုင်းပြည်မှာ ပထမဆုံး ဒီမိုကရေစီနည်းကျ အာဏာလွှဲပြောင်းရေးဖြစ်မယ့် ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် များလွန်းတာကြောင့် တချို့မဲရုံတွေမှာ မဲပြားတွေတောင် ကုန်သွားပါတယ်။

မဲပေးပွဲကို နှောင့်ယှက်မယ်လို့ တာလီဘန်တွေက ခြိမ်းခြောက်ထားတဲ့အတွက် နိုင်ငံတဝန်းမှာ လုံခြုံရေးကို တင်းကြပ်ထားပါတယ်။ ဒါပေမဲ့လည်း မဲပေးပွဲဟာ အတော်လေးကို အကြမ်းဖက်မှုကင်းကင်း ရှိခဲ့ပုံရပါတယ်။

ပုန်ကန်သူတွေရဲ့ ခြိမ်းခြောက်ဟန့်တားမှုတွေကို ခံခဲ့ရတဲ့ကြားက မဲပေးခဲ့ကြတဲ့ အာဖဂန်မဲဆန္ဒရှင်တွေကို အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Jan Kubis က ချီးကျူးစကားဆိုခဲ့ပါတယ်။

သူ့အဆိုအားဖြင့် သမိုင်းဝင်ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ အာဖဂန်နိုင်ငံသား သန်းပေါင်းများစွာကို ချီးကျူးဂုဏ်ပြုပါကြောင်း အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ကြေညာချက် ထုတ်ပြန်ပြီး ပြောခဲ့ပါတယ်။
XS
SM
MD
LG