သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် အာဏာခွဲဝေရေး သဘောတူ


ရာထူးကအနားယူမယ့် သမ္မတ ဟာမစ်ခါဇိုင်း (လယ်၊) အာဏာခွဲဝေယူမယ့် သမ္မတပြိုင်ဘက်နှစ်ဦး- မစ္စတာ Abdullah Abdullah (ယာ) နဲ့ မစ္စတာ Ashraf Ghani Ahmadzai (ဝဲ) တို့ကို အတူတွေ့ရစဉ်။
ရာထူးကအနားယူမယ့် သမ္မတ ဟာမစ်ခါဇိုင်း (လယ်၊) အာဏာခွဲဝေယူမယ့် သမ္မတပြိုင်ဘက်နှစ်ဦး- မစ္စတာ Abdullah Abdullah (ယာ) နဲ့ မစ္စတာ Ashraf Ghani Ahmadzai (ဝဲ) တို့ကို အတူတွေ့ရစဉ်။

Afghanistan နိုင်ငံမှာ သမ္မတလောင်း ဝင်အရွေးခံခဲ့ကြရသူ ၂ ယောက်ကြား အာဏာမျှဝေအုပ်ချုပ်ဖို့ စနေနေ့က သဘောတူခဲ့ကြပါတယ်။

သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေ လုပ်ခဲ့တယ်လို့ ၂ ဖက်လုံးက အပြန်အလှန် စွပ်စွဲနေကြလို့ ၂ လလောက်ကြာအောင် နိုင်ငံရေးတင်းမာမှုတွေ ဖြစ်ခဲ့ပြီးနောက်မှာ ခုလို သဘောတူမှု ရရှိခဲ့ကြတာဖြစ်ပါတယ်။ Mr. Abdullah Abdullah နဲ့ Mr. Ghani Ahmadzai တို့ရဲ့ လက်ထောက်တွေက သဘောတူညီမှုရရှိကြောင်း အတည်ပြုခဲ့ကြတာပါ။

အာဏာမျှဝေအုပ်ချုပ်မယ့်ကိစ္စ သဘောတူညီမှုကို ရာထူးကနေဆင်းပေးတော့မယ့် လက်ရှိ သမ္မတ Hamid Karzai ရဲ့ ရှေ့မှောက်မှာ တနင်္ဂနွေနေ့မှာ တရားဝင်လက်မှတ်ထိုးမယ်လို့ ပြောပါတယ်။ အာဏာခွဲဝေရေး သဘောတူညီမှုအတွက် ၂ ဖက်လုံးက တာဝန်ရှိသူတွေအပြင် ကုလသမဂ္ဂ ကိုယ်စားလှယ်တွေဟာ စနေနေ့ညပိုင်းအထိ ဆွေးနွေးခဲ့ကြပါတယ်။

ဘယ်လို ခွဲဝေအုပ်ချုပ်မှာလဲဆိုတာကိုတော့ ၂ ဖက်လုံးက ထုတ်ဖော်ပြောခြင်း မရှိပါဘူး။ ဒါပေမယ့် အသစ်ဖန်တီးလိုက်တဲ့ အုပ်ချုပ်ရေးအဖွဲ့ရုံးနဲ့ သမ္မတကြား ဘယ်လို တာဝန်တွေ ခွဲယူကြမှာလဲဆိုတာကို အဓိကထားပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG