သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်လက်ထဲက Kunduz မြို့ ပြန်သိမ်းပိုက်နိုင်ရေး အာဖဂန်တပ် ကြိုးပမ်း


အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Kunduz မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ဖို့အတွက် အမေရိကန်ရဲ့ လေကြောင်းအကူအညီနဲ့ အာဖဂန်အစိုးရတပ်ဖွဲ့တွေက တန်ပြန်ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတာမှာ လေဆိပ်အနီးမှာ အင်္ဂါနေ့က တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ Kunduz မြို့ကို တာလီဘန်သောင်းကျန်းသူတွေက သိမ်းပိုက်ပြီး နောက်တနေ့မှာ အခုလို တန်ပြန် ထိုးစစ်ဆင်တာလည်း ဖြစ်ပါတယ်။

တနင်္လာနေ့က အစိုးရတပ်ဖွဲ့တွေ ဆုပ်ခွာပြီး စခန်းချနေတဲ့ နေရာကို တာလီဘန်တပ်ဖွဲ့ဝင်တွေက အင်္ဂါနေ့မှာ အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်တဲ့အချိန် လေဆိပ်အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ တာလီဘန် ပြောခွင့်ရ Zabihullah Mujahid နဲ့ Kunduz ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

လေဆိပ်ရဲ့ အစိတ်အပိုင်း အများစုဟာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရအရာရှိတွေက တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

Kunduz မြို့အတွင်း ပြန်ဝင်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ အာဖရန် ကွန်မန်ဒိုတပ်ဖွဲ့တွေ အပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေဟာ တာလီဘန်တွေ ရှိတဲ့နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အကြောင်း အာဖဂန်ကာကွယ်ရေး ဝန်ကြီးဌာနက အစောပိုင်းမှာ ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်းဆိုချက်အရ သောင်းကျန်းသူတွေ ရှိနေတဲ့နေရာတွေကို အမေရိကန်က လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Kunduz မြို့အနီးမှာရှိတဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေနဲ့ အာဖဂန်တပ်ဖွဲ့တွေကို ခြိမ်းခြောက်လာနေတဲ့ ရန်ကနေ ရှောင်လွှဲနိုင်ရေးအတွက် လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း အမေရိကန် ဦးဆောင်တဲ့ နေတိုးညွန့်ပေါင်းအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း အတည်ပြု ပြောဆိုပါတယ်။

XS
SM
MD
LG