သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှကဆေးအတုတွေ အာဖရိကမှာမိ


ဆေးအတုတွေကို ဖျက်ဆီးနေစဉ်။
ဆေးအတုတွေကို ဖျက်ဆီးနေစဉ်။
ငှက်ဖျားရောဂါလို လူကိုသေဆုံးစေနိုင်တဲ့ရောဂါမျိုးအတွက် လူပေါင်း ၈၂သန်းလောက်သုံးစွဲနိုင်တဲ့ တရားမဝင်ဆေးဝါးအတုတွေကို အာဖရိကတိုက် ၁၆နိုင်ငံမှာ ဖမ်းဆီးရမိတယ်လို့ အကောက်ခွန်အရာရှိတွေကပြောပါတယ်။ အာဖရိကတိုက် အရှေ့နဲ့အနောက် ဆိပ်ကမ်းမြို့ကြီးတွေမှာ ဇူလိုင်လအတွင်း ဝင်ရောက်ရှာဖွေစဉ် ဖမ်းဆီးရမိတယ်လို့ WCO ခေါ် ကမ္ဘာ့အကောက်ခွန် အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

အများဆုံးတွေ့ရှိတဲ့နိုင်ငံတွေကတော့ Angola၊ Togo၊ Cameroon နဲ့ Ghana နိုင်ငံတွေမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆေးဝါးတွေဟာ သုံးစွဲမိသူတွေကို အန္တရာယ်ဖြစ်စေမှာဖြစ်တယ်လို့ WCO အထွေထွေအတွင်းရေးမှူး Kunio Mikuriyaက ဗွီအိုအေက ပြောကြားခဲ့ပါတယ်။ ဒီဆေးဝါးတွေဟာ တောင်အာရှ၊ အရှေ့အာရှနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီက လာရောက်တာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
XS
SM
MD
LG