သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြေတုတပ် အပြေးသမား လူသတ်မှု ဆက်လက်ကြားနာ

Oscar Pistorius အမှု ဆက်လက် ကြားနာ
Oscar Pistorius အမှု ဆက်လက် ကြားနာ
မသန်မစွမ်း အိုလံပစ် အပြေးသမား အော်စကာ ပစ်တိုးရီးယပ်စ် (Oscar Pistorius) က သူ့ရည်းစားဖြစ်သူ ရီဗာ စတင်းကန့်ပ် (Reeva Steenkamp) ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ထွက်ဆို ချက်တွေဟာ မှုခင်းဖြစ်ပွားရာ နေရာမှာ ရဲတွေရဲ့ တွေ့ရှိချက်တွေနဲ့ ကိုက်ညီနေတယ်လို့ တောင်အာဖရိက မှုခင်းဆိုင်ရာ စုံစမ်း စစ်ဆေးသူတဦးက ဗုဒ္ဓဟူးနေ့ မှာ ပြောကြားလိုက်ပါတယ်။


တကမ္ဘာလုံးက စိတ်ဝင်စားနေကြတဲ့ ဒီအမှုမှာ သူ့ကို အာမခံ ပေးဖို့ ဒုတိယနေ့ အဖြစ် တရားရုံး ကြားနာချိန်အတွင်း သူ့ရဲ့ ရှေ့နေတွေ ဘက်က မေးမြန်းချက် တွေကို ကြည့်ပြီး စုံထောက် ဟလ်တန် ဘိုသာ (Hilton Botha) က အခုလို ပြောဆိုလိုက် တာ ဖြစ်ပါတယ်။

ကြားနာမှုကို ကြာသပတေးနေ့မှာ ဆက်လက် ပြုလုပ်မှာ လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပစ်ခတ်မှုဟာ သူ့ရည်းစားကို သတ်ဖို့ ရည်ရွယ်ချက် မရှိဘဲ သူခိုး ဝင်လာတယ် ထင်ပြီး ပစ်ခတ်ခဲ့တာဖြစ်ကြောင်း အော်စကာ ပစ်တိုးရီးယပ်စ် (Oscar Pistorius) က အခိုင်အမာ ပြောနေချိန်မှာပဲ အစိုးရ ရှေ့နေတွေကတော့ ဒီပစ်ခတ်မှုဟာ ကြိုတင် ကြံစည် သတ်ဖြတ်မှု ဖြစ်တယ်လို့ ပြောနေကြတာပါ။

ရီဗာ စတင်းကန့်ပ် (Reeva Steenkamp) ရဲ့ ကိုယ်ခန္ဓာမှာ တစုံတရာ ကျူးလွန်မှု ကြောင့် ခုခံ ကာကွယ်ထားတဲ့ လက္ခဏာမျိုး မတွေ့ရဘူးလို့ တရားစွဲဆို ခံရသူရဲ့ ရှေ့နေ ဘယ်ရီ ရော့စ် (Barry Roux) ရဲ့ ပြောဆိုချက်တွေကို ဘိုသာ (Botha) က သဘောတူပါတယ်။

အစိုးရ ရှေ့နေတွေရဲ့ မေးခွန်းထုတ်တာကို အရင် ဖြေကြားမှုတွေမှာတုန်းက မျက်မြင်သက်သေ တယောက်က အော်စကာ ပစ်တိုးရီးယပ်စ် (Oscar Pistorius) ရဲ့ နေအိမ်ကနေ အမျိုးသမီး တဦးရဲ့ အော်ဟစ်သံ နောက်မှာ သေနတ်သံတချက်နဲ့ နောက်ထပ် သေနတ်သံတွေကို ကြားခဲ့ရတယ် လို့ ပြောဆိုခဲ့သလို၊ သေနတ်နဲ့ ပစ်ခတ်သံတွေ မကြားရခင် တနာရီလောက် မရပ်မနား ရန်ဖြစ်နေ သံတွေ ကြားခဲ့ရတယ်လို့ပါ သက်သေ ထွက်ဆိုမှုတွေ ရှိကြောင်း အစိုးရရှေ့နေက ပြောပါတယ်။

ဒီသက်သေနဲ့ ပတ်သက်ပြီး ယုံကြည်ရမှု အတိုင်းအတာကို တရားစွဲဆို ခံရသူရဲ့ ရှေ့နေက မေးခွန်း ထုတ်ခဲ့ပြီး သက်သေပြောတဲ့ သေနတ် ပစ်ခတ်ချက် အရေအတွက်က လွဲမှားနေကြောင်းနဲ့ သေနတ် သံ ကြားရတယ်လို့ ပြောတဲ့ သက်သေဟာ ပေ ၂၀၀၀ နီးပါး အကွာမှာ ရှိနေတာမို့ ဒါဟာ ကြားလောက် တဲ့ အကွာဝေး မဟုတ်ဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG