သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဆုံးသူ Eric Garner မိသားစုကို လျော်ကြေးပေးမည်


သေဆုံးသူ Eric Garner ရဲ့ ဇနီးသည်
သေဆုံးသူ Eric Garner ရဲ့ ဇနီးသည်

ပြီးခဲ့တဲ့နှစ်က လူဖြူရဲ လက်ချက်နဲ့ သေဆုံးသွားတဲ့ အာဖရိကနွယ်ဝင် Eric Garner ရဲ့ ကျန်ရစ်သူ မိသားစုကို နယူးယောက်မြို့က လျော်ကြေး ဒေါ်လာ ၅.၉ သန်း ပေးမယ်လို့ နယူးယောက်မြို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အာဖရိကနွယ် အမေရိကန်တွေအပေါ် ရဲအာဏာပိုင်တွေရဲ့ မတော်မတရား ပြုကျင့်မှုတွေနဲ့ ပတ်သက်လို့ ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့ပါတယ်။

ဒီလျော်ကြေးပေး ပြေငြိမ်းမှုကို နယူးယောက်မြို့ရဲ့ ဘဏ္ဍာရေးအကြီးအကဲ Scott Stringer က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မစ္စတာ Garner ရဲ့ မိသားစုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက နစ်နာကြေး တောင်းခံလွှာ တင်ခဲ့ပြီးနောက် နယူးယောက်မြို့အနေနဲ့ နစ်နာကြေး ဒေါ်လာ ၇၅ သန်း လျော်ကြေးပေးဖို့ တရားရုံးစွဲဆို လိုက်ပါတယ်။

အခုလို ပြေငြိမ်းမှု ရရှိသွားတာဟာ ဒီကိစ္စမှာ ပတ်သက်သူ အားလုံးရဲ့ အကျိုးစီးပွားဖြစ်ပြီး Garner သေဆုံးသွားတဲ့အတွက် နယူးယောက်မြို့မှာ တာဝန်မရှိဘူးလို့ မစ္စတာ Stringer က ကြေညာချက် တရပ်ထဲမှာ ပြောပါတယ်။

ဒီပြေငြိမ်းမှုဟာ Garner ရဲ့ မိသားစုအတွက် ငြိမ်းချမ်းမှု ရနိုင်မယ်လို့ မျှော်လင့်တယ်လို့ နယူးယောက်မြို့ဝန် Bill de Blasio က တနင်္လာနေ့ ညပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီပြေငြိမ်းမှုဟာ မစ္စတာ Garner သေဆုံးသွားတာ တနှစ်မပြည့်ခင် ရက်ပိုင်းအလိုမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ Garner ဟာ အခွန်မဆောင်ရသေးတဲ့ ဆေးလိပ်တွေကို ရောင်းနေတယ်လို့ သံသယရှိတဲ့အတွက် နယူးယောက်ရဲတွေဟာ သူ့ကိုဖမ်းဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။ ရဲတွေဟာ Garner ကို မြေကြီးပေါ်မှာ ချုပ်နှောင်ဖို့ ကြိုးစားခဲ့ရာမှာ ရဲတဦးဟာ နယူးယောက် ရဲဌာနက တားမြစ်ထားတဲ့ လည်ပင်းချုပ်တဲ့နည်းကိုသုံးပြီး တုပ်ထားခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်ကို မျက်မြင်သက်သေတဦးက လက်ကိုင်ဖုန်းနဲ့ ဗွီဒီယိုရိုက်ခဲ့ပြီး ဗွီဒီယိုထဲမှာ မစ္စတာ Garner ဟာ မမေ့သွားခင်မှာ ငါအသက်ရှူလို့ မရဘူးလို့ ၁၁ ကြိမ် ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG