သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၉ လသား ရင်သွေး ငယ် ရောင်း ဖို့ ကြော်ငြာ တဲ့ အမေ


ရင်သွေးကိုရောင်းစားမယ့် အမေကို ရုံးထုတ် စစ်ဆေးခဲ့တဲ့ တောင်အာဖရိကနိုင်ငံ KwaZulu-Natal ခရိုင်။
ရင်သွေးကိုရောင်းစားမယ့် အမေကို ရုံးထုတ် စစ်ဆေးခဲ့တဲ့ တောင်အာဖရိကနိုင်ငံ KwaZulu-Natal ခရိုင်။

အသက် ၁၉ လသားအရွယ်သာ ရှိတဲ့ ကလေးငယ်လေးကို အင်တာနက်ပေါ် မှာ ရောင်းစား ဖို့ ကြံစည်မှုနဲ့ တောင်အာဖရိနိုင်ငံက အမျိုးသမီးတဦးကို လူမှောင်ခိုကူးမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ အသက် ၂၀ အရွယ် အမျိုးသမီးတဦးက Gumtree လို့ခေါ်တဲ့ အွန်လိုင်းပေါ်က ကြော်ငြာ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ အမျိုးသား ကလေးငယ်လေးကို အမေရိကန်ဒေါ်လာ ၃၈၀ ကျော်နဲ့ ရောင်းချဖို့ ကြံစည်ခဲ့တာပါ။

အဲဒီအမျိုးသမီးကို ဖမ်းနိုင်ဖို့ ရဲက ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

KwaZulu-Natal ခရိုင်အတွင်းက Pietermaritzburg တရားရုံးမှာ အဲဒီအမျိုးသမီးကို ရုံးထုတ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့အနေနဲ့ နောက်ထပ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ် လို့ရနိုင်အောင် အချိန်ပေးတဲ့အနေနဲ့ သူ့အမှုကို အခုလ နှောင်းပိုင်းအထိ ရက်ရွေ့ဆိုင်းလိုက်ပါတယ်။ သူမကို ရဲက ထိန်းသိမ်းထားပါတယ်။

အဲဒီ ကလေးငယ်ရဲ့ ကျန်းမာရေးဟာ ကောင်းမွန်ပြီး အခုချိန်မှာတော့ လူမှု ဝန်ထမ်းတွေက သူ့ကို ကြည့်ရှု စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ Gumtree ဝက်ဘ်ဆိုက်ဟာ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

XS
SM
MD
LG