အမေရိကန်-ဗီယက်နမ် စစ်ပွဲအတွင်းက အမေရိကန်စစ်တပ်က Agent Orange လို့ နာမည်ဝှက်ပေးပြီး လေကြောင်းကနေ ကြဲချခဲ့တဲ့ ပေါင်းပင်သတ်ဆေးတွေကြောင့် ခုချိန်ထိ အဆိပ်သင့်နေတဲ့ နေရာတွေကို အမေရိကန်က စတင်ရှင်းလင်းပေးနေပါပြီ။
နှစ်နိုင်ငံစစ်ပွဲပြီးဆုံးတာ အနှစ် ၄၀ နီးပါးအကြာ ကြာသပတေးနေ့က ဗီယက်နမ်နဲ့ အမေရိကန် တာဝန်ရှိသူတွေက ရှင်းလင်းရေး စီမံကိန်းကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်ပွဲကာလက Agent Orange ပေါင်းသတ်ဆေးတွေကို သိုလှောင်ထားတဲ့ အမေရိကန်လေတပ် အခြေစိုက် စခန်းဟောင်း နေရာမှာ အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်း အကြွင်းအကျန်ရှင်းလင်းရေးကို စတင်ခဲ့တာပါ။
ထူတပ်တဲ့ တောတွေထဲ Vietnam ကွန်မြူနစ်တပ်တွေကို အမေရိကန်တပ်တွေက လိုက်လံ ရှာဖွေရာ မှာ အပင်တွေကို ရှင်းတဲ့အနေနဲ့ Agent Orange အပင်သတ်ဆေးတွေကို လေကြောင်းကနေ ကြဲချခဲ့တာဖြစ်ပါတယ်။
ဒီလိုကြဲချမှုကြောင့် သစ်ပင်သီးနှံစိုက်ပျိုး ဧက သန်းပေါင်းများစွာ ပျက်စီးခဲ့ရသလို အဆိပ်ဖြစ်စေတဲ့ ဓာတုအမှုန့်တွေကို ထိတွေ့ ရှူရှိုက်မိသူတွေမှာလည်း နောက်မျိုးဆက်တွေအထိ ကျန်းမာရေး ထိခိုက် မှုတွေ ကြုံတေ့ွခဲ့ကြပါတယ်။ အသက်ရှူလမ်းကြောင်းမှာဖြစ်တဲ့ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ စ တဲ့ ရောဂါတွေအပြင် မွေးလာတဲ့ကလေးတွေမှာ ကိုယ်လက် အင်္ဂါချွတ်ယွင်းတဲ့ အထိ ဖြစ်ခဲ့ကြပါ တယ်။
အတိတ်မှာဖြစ်ခဲ့တာတွေကို အမေရိကန်ရော ဗီယက်နမ်အစိုးရကပါ အတိတ်မှာထားခဲ့ဖို့ ပထမခြေလှမ်း ဖြစ်ပါတယ်လို့ ရှင်းလင်းရေး စီမံကိန်းစတင်တဲ့ အခမ်းအနားမှာ ဗီယက်နမ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောကြားပြီး သမိုင်းဝင် အခိုက်အတံ့အဖြစ် ဖော်ပြပြောဆိုခဲ့ပါတယ်။
ဆယ်နှစ်ကျော်ကာလအတွင်း အမေရိကန်တို့က အဆိပ်သင့် ပေါင်းသတ်ဆေး ဂါလံပေါင်း ၁၂ သန်းလောက် ကြဲချခဲ့တာဖြစ်ပါတယ်ရှင်။