သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်မှူးအမှားကြောင့် Air Asia ပျက်ကျ


Crew members inspect bags containing bodies believed to be victims of AirAsia Flight 8501 on the deck of Indonesian Navy ship KRI Banda Aceh, on the Java Sea, Indonesia, Friday, Jan. 23, 2015.
Crew members inspect bags containing bodies believed to be victims of AirAsia Flight 8501 on the deck of Indonesian Navy ship KRI Banda Aceh, on the Java Sea, Indonesia, Friday, Jan. 23, 2015.

လျှပ်စစ်စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုက စလိုက်ရာက နောက်ပိုင်းမှာ လေယာဉ်မှူးက အမှား လုပ်မိတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံခဲ့ရပြီးနောက် - ၂၀၁၄ ဒီဇင်ဘာမှာ Air Asia 8501 လေယာဉ် ပျက်ကျခဲ့တာ ဖြစ်တဲ့အကြောင်း အင်ဒိုနီးရှား စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာ ကနေ စင်္ကာပူနိုင်ငံကို ပျံသန်းမယ့်ခရီးစဉ်မှာ ၁ နာရီတောင် မကြာခင်မှာပဲ ဂျာဗားပင်လယ်ထဲမှာ ပျက်ကျခဲ့ရာက လေယာဉ်ပေါ် လိုက်ပါလာသူ ၁၆၂ ဦးစလုံး သေဆုံးခဲ့ရတာပါ။

စုံစမ်းစစ်ဆေးမှုအတွင်း လေယာဉ်ရဲ့ပဲ့ထိန်းစနစ်က သေးငယ်တဲ့ လျှပ်စစ်အပိုင်းတခုက အက်ကွဲနေတာကို တွေ့ရှိခဲ့ရတယ်လို့ အင်ဒိုနိုင်ငံရဲ့ အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်းလုံခြုံရေး ကော်မတီ ကနေ ပြောဆိုခဲ့ပါတယ်။ လေယာဉ်ဟာ မနှစ်တနှစ်ထဲမှာတင် စက်ချို့ယွင်းမှု ၂၃ ကြိမ် ကြုံခဲ့ရပြီး၊ အခုနောက်ဆုံး ခရီးစဉ်မှာလည်း ၄ ကြိမ်လောက် ချို့ယွင်းမှုနဲ့ ကြုံခဲ့ရပါတယ်။

လက်ရှိ လေယာဉ်ကို မွမ်းမံထိန်းသိမ်းမှု လုပ်ငန်းတွေက လေယာဉ်ခရီးစဉ်အတွင်း ၄ ကြိမ် စက်ချို့ယွင်းမှု အပါအဝင် ထပ်တလဲလဲ ကြုံနေရတဲ့ ပြဿနာ ဘာကြောင့်ဖြစ်နေရသလဲ ဆိုတာကို မဆန်းစစ်နိုင်ခဲ့ဘူးလို့လည်း ကော်မတီတာဝန်ရှိသူက ပြောဆိုခဲ့ပါတယ်။

လေယာဉ်မှူးက အရင်တုန်းက လုပ်နေကျအတိုင်း ပဲ့ထိန်းစနစ်က လျှပ်စစ်စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကို ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်လိုက်တဲ့အတွက် လေယာဉ်ကို အလိုအလျောက် မောင်းနှင်တဲ့စနစ် ရပ်ဆိုင်းသွားပြီး လူကိုယ်တိုင် မောင်းနှင်ရတဲ့ အချိန်မှာ လေယာဉ်မှူးတွေ မထိန်းချုပ်နိုင်တော့ဘဲ - ပင်လယ်ထဲကို ထိုးကျသွားခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG