သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AirAsia လေယာဉ်ပျက်ရှာဖွေဖို့ စစ်သင်္ဘောတွေစေလွှတ်


ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေတဲ့ သူတွေက ရုပ်အလောင်းတွေနဲ့ ပျောက်ဆုံးနေတဲ့ AirAsia လေယာဉ်ရဲ့ အပိုင်းအစတွေလို့ ယူဆရတဲ့ အရာဝတ္ထုတွေကို ပင်လယ်ပြင်အတွင်းမှာ တွေ့ရှိခဲ့ပြီးတဲ့နောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အင်ဒိုနီးရှား စစ်သင်္ဘောတွေ Java ပင်လယ်ကို ဦးတည် သွားရောက်နေကြပြီ ဖြစ်တယ်လို့ သမ္မတ Joko Widodo က ပြောဆိုပါတယ်။

ပျောက်ဆုံးလေယာဉ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ အတည်ပြုခဲ့ပြီးဖြစ်တဲ့ ရေထဲမှာ မျောနေတဲ့ ပထမဆုံး အရာဝတ္ထုကို Borneo ကျွန်းကနေ ၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ထဲမှာ အင်္ဂါနေ့က တွေ့ရှိခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံရဲ့ အရေးပေါ် ကယ်ဆယ်ရေးဌာန အကြီးအကဲ Bambang Sulistyo က ပင်လယ်ထဲမှာ တွေ့ရတဲ့ အပျက်အစီးတွေဟာ အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့ကနေ စင်္ကာပူနိုင်ငံဆီကို တနင်္ဂနွေနေ့က ပျံသန်းသွားပြီး ပျောက်ဆုံးခဲ့တဲ့ AirAsia ပိုင် ခရီးစဉ် QZ8501 လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစတွေ ဖြစ်တယ်လို့ပြောပါတယ်။

လေယာဉ်ပေါ်မှာပါသွားတဲ့ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၁၆၂ ဦးထဲမှာ အသက်ရှင်ကျန်သူ တဦးတယောက်ကိုမှ မတွေ့ရှိသေးပါဘူး။ ကောင်းကင်ကနေ ရှာဖွေနေကြသူတွေက ရေမျက်နှာပြင်အောက်မှာ အရိပ်ကြီးတခုကို တွေ့ရှိထားပြီး ပျောက်ဆုံးသွားတဲ့ Airbus A320-200 လေယာဉ်ရဲ့ ကိုယ်ထည်လို့ ယူဆရပါတယ်။

နိုင်ငံတော်တော်များများက စေလွှတ်ထားတဲ့ လေယာဉ် ၁၅ စီး၊ ရဟတ်ယာဉ် ၇ စီးနဲ့ သင်္ဘော ၁၅ စဉ်း တို့ဟာ စူမတ်တရားနဲ့ ဘော်နီယို ကျွန်းတွေတဝိုက်မှာ ပျောက်ဆုံးသွားတဲ့ လေယာဉ်ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးတွေလုပ်ဖို့ ရောက်ရှိနေကြပါတယ်။

XS
SM
MD
LG