သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ကိုင်းဒါးအဖွဲ့ခွဲ အိုင်ဗရီကိုစ့်မှာ တိုက်ခိုက်


အယ်လ်ကိုင်းဒါးအဖွဲ့ခွဲ Ivory Coast မှာ တိုက်ခိုက်
အယ်လ်ကိုင်းဒါးအဖွဲ့ခွဲ Ivory Coast မှာ တိုက်ခိုက်

တနင်္ဂနွေနေ့က Ivory Coast အပမ်းဖြေစခန်းတခုကို မြောက်အာဖရိက အယ်လ်ကိုင်းဒါး အဖွဲ့ခွဲက အဖွဲ့သား ၆ ယောက်က လက်နက်တွေ အပြည့်နဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အတွက် အရပ်သား ၁၄ ဦးနဲ့ စစ်သား ၂ ဦး သေဆုံးခဲ့ရသလို လူပေါင်း ၂၂ ဦး ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဂျီဟတ်အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာကို စောင့်ကြည့်နေတဲ့ နို်င်ငံတကာ SITE ထောက်လှန်းရေးအဖွဲ့ကတော့ အာဖရိက အနောက်မြောက်ပိုင်း Maghreb မှာ ရှိတဲ့ အယ်လ် ကိုင်းဒါးအဖွဲ့ခွဲက ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာဖြစ်ကြောင်း ရေးသားတဲ့ ကြေးနန်းစာတွေ တက်နေကြောင်း ပြောပါတယ်။ Grand-Bassam အပမ်းဖြေ စခန်းမှာ ရှိတဲ့ ဟော်တယ် ၃ ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့သူ ၃ ဦးကို သူရဲကောင်းတွေလို့လည်း ဖေါ်ပြထားပါတယ်။

အိုင်ဗရီကိုစ့် သမ္မတ Alassane Ouattara က သေဆုံးသူ အရေအတွက်ကို အတည်ပြုပေးခဲ့ပြီး ဝင်ရောက် တိုက်ခိုက်သူတွေ အားလုံးလည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဝင်ရောက်တိုက်ခိုက်သူတွေဟာ မျက်နှာဖုံးစွပ်တွေ ဝတ်ထားပြီး ကမ်းခြေက Southern Star ဟော်တယ်ဆီကို ခြေလျင်ရောက်လာတာလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ လူဦးရေ ၈ သောင်း လောက်ရှိတဲ့ မြို့ထဲမှာ အပူရှိန် သိပ်ပြင်းနေချိန်၊ အဲဒီဟိုတယ်မှာ နိုင်ငံခြားသား တွေနဲ့ ပြည့်နေတာ ဖြစ်ပါတယ်။

မြေကြီးပေါ်မှာ သေဆုံးသွားသူတွေရဲ့ အလောင်း အနဲဆုံး ၆ လောင်း လောက် ကိုတွေ့ရတယ်လို့ အခင်းဖြစ်ပွါးရာကို ရောက်နေတဲ့ VOA သတင်းထောက် က ပြောပါတယ်။ မျက်မြင်သက်သေ တယောက်ကို မေးကြည့်တဲ့အခါ သေနတ်သမား ၄ ယောက်က မပစ်ခတ်ခင် အာရေဗျ ဘာသာနဲ့ သူတို့ ဘုရား မြင့်မြတ်ကြောင်း အော်ဟစ် တိုင်တယ်တာ ကြားရတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG