သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Al-Shabab လက်ချက် အာဖရိက သမဂ္ဂ စစ်သား အများအပြား သေဆုံး


ဆိုမာလီယာနိုင်ငံ အနောက်တောင်ဘက် Kenya နယ်စပ်ပြမြေပုံ။
ဆိုမာလီယာနိုင်ငံ အနောက်တောင်ဘက် Kenya နယ်စပ်ပြမြေပုံ။

ဆိုမာလီယာနိုင်ငံ အနောက်တောင်ဘက် Kenya နယ်စပ်နားမှာ ရှိတဲ့ အာဖရိက သမဂ္ဂရဲ့ စစ်အခြေစိုက်စခန်း ကို Al-Shabab စစ်သွေးကြွတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အတွက် အာဖရိကသမဂ္ဂလုပ်ငန်းတွေအတွက် တာဝန် ထမ်းဆောင်နေတဲ့ ကင်ညာစစ်သား ဒါဇင်နဲ့ ချီပြီး သေဆုံးခဲ့ရပါတယ်။

Gedo ဒေသမှာ ရှိတဲ့ Elbe မြို့ကလေးမှာ သောကြာနေ့ မနက်အစောပိုင်း အသေခံ ဗုံးဖေါက်ခွဲမှုနဲ့ စတင်ခဲ့တဲ့ ဝင်ရောက်တိုက်ခိုက်မှုဟာ နောက်ပိုင်းမှာတော့ အခြေစိုက် စခန်းက ကင်ညာတပ်သားတွေနဲ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွါးခဲ့ ပါတယ်။

ကင်ညာတပ်တွေရဲ့ အခြေစိုက်စခန်းနားမှာ ရှိတဲ့ ဆိုမာလီယာ စစ်တပ် အခြေစိုက် စခန်းကို Al- Shabab စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ တာလို့ ကင်ညာ ကာကွယ်ရေးတပ်သားတွေက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ စစ်သွေးကြွတွေက စခန်းကို ဝင်ရောက် တိုက်ခိုက်ပေမယ့် ကင်ညာတပ်သားတွေက ဆိုမာလီယာ စစ်သားတွေရဲ့ အကူအညီနဲ့ပြန်လှန် ခုခံခဲ့တယ် လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Al-Shabab တွေက ဒီတိုက်ပွဲမှာ ကင်ညာတပ်သား ၆၀ သေဆုံးခဲ့တယ် n Isaak ကတော့ သေဆုံးခဲ့တဲ့ ကင်ညာတပ်သား ၄၀ ထက်မနည်း ရှိပြီး တချို့ တပ်သားတွေက အခြေစိုက် စခန်းကနေ လွတ်မြောက် ထွက်ပြေး နိုင်ခဲ့ တယ်လို့ ပြောပါတယ်။

ဒေသခံတွေကတော့ အဲဒီမြို့နဲ့ အနီးဝန်းကျင်ကို Al- Shabab တွေ ထိန်းချုပ်ထားပြီး သူတို့ရဲ့ အလံတွေ လွှင့်ထူထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စစ်သွေးကြွတွေဟာ စစ်တပ်ယာဉ်တွေပေါ်က လက်နက်တွေကို သိမ်းထားတယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်းက ရှုတ်ချလိုက်ပြီး ဆိုမာလီယာ အစိုးရနဲ့ လူထုက ပံ့ပိုးပေးနေတဲ့ AMISOM အဖွဲ့နဲ့ အာဖရိက သမဂ္ဂတို့နဲ့အတူ လက်တွဲလုပ်ဆောင်နေတဲ့ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ကို ဒီတိုက်ခိုက်မှုက မှေးမှိန်အောင် မလုပ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ Al- Shabab အဖွဲ့ဟာ မနှစ်က စက်တင်ဘာလမှာလည်း အာဖရိက သမဂ္ဂရဲ့ အဆောက်အဦးတွေ ကို အလားတူ တိုက်ခိုက်ခဲ့တာမို့ ငြိမ်းချမ်းရေးထိန်း တပ်သား ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG