သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Madeleine Albright မြန်မာ့ဖြစ်ထွန်းမှုလေ့လာ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright (မေလ ၂၄ ရက်၊ ၂၀၁၂)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright (မေလ ၂၄ ရက်၊ ၂၀၁၂)
မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးေဟာင်း
Madeleine Albright ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ လူထုအခြေပြု အဖဲွဲ့အစည်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါ တယ်။ ဗေဒါ နိုင်ငံတည်ဆောက်ရေး သင်တန်းကျောင်း၊ နိုင်ငံရေးသိပ္ပံ သင်တန်းကျောင်းနဲ့ လောကအလင်းပညာဒါန အဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း
Madeleine Albright တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်မြို့က Chatrium ဟိုတယ်မှာ တွေ့ဆုံခဲ့ကြတာမှာ အမေရိကန်အစိုးရရဲ့
ထောက်ပံ့ကူညီရေးလုပ်ငန်းတွေ လုပ်နေတဲ့ USAID ကတာဝန်ရှိသူတွေလည်း
ပါဝင်တယ်လို့ တွေ့ဆုံခဲ့တဲ့ ဗေဒါ နိုင်ငံတည်ဆောက်ရေး သင်တန်းကျောင်းက
ကိုမျိုးရန်နောင်သိန်းက ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို လူမှုအဖွဲ့အစည်းတွေအနေ နဲ့ လေ့လာစောင့်ကြည့်ရေး ကိစ္စ၊ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံဥပဒေပြင်ဆင်ရေးကိစ္စ၊ လူ့အခွင့်အရေးနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကိစ္စတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းက မေးမြန်းခဲ့တယ်လို့ ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။

ခုလို လူထုအခြေပြုအဖွဲ့တွေနဲ့ တေ့ွဆုံအပြီးမှာ Madeleine Albright ဟာ တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဇွန်လ ၄ ရက်နေ့ အင်္ဂါနေ့ကျရင်တော့ ရန်ကုန်မြို့ American Center မှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Madeleine Albright ဟာ မိန့်ခွန်းပြောကြားဖို့ အစီအစဉ် ရှိပါတယ်။
XS
SM
MD
LG