အယ်လ်ဂျီးရီးယားနိုင်ငံမှာ ဖြစ်နေတဲ့ ဓါးစာခံပြဿနာနဲ့ ပတ်သက်ပြီးတော့ အထူးပဲစိုးရိမ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်က ပြောကြားလိုက်ပြီး၊ အဲဒီဓါးစာခံတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အယ်လ်ဂျီးရီးယားအစိုးရအနေနဲ့ သူတို့လုပ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အတူ သောကြာနေ့တုန်းက ဝါရှင်တန်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး ကလင်တန်က ပြောကြားလိုက်တာဖြစ်ပါတယ်။
အယ်လ်ဂျီးရီးယားစစ်တပ်က ဓါးစာခံတွေကို ဖမ်းထားတဲ့ စစ်သွေးကြွတွေကို နှိမ်နှင်းခဲ့စဉ်အတွင်း ၊ အယ်လ်ဂျီးရီးယားနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ၁၂ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ အယ်လ်ဂျီးရီးယား အစိုးရပိုင် မီဒီယာက ပြောကြားလိုက်ပါတယ်။ အယ်လ်ဂျီးရီးယား နဲ့ ဒေသတွင်းက နိုင်ငံတွေမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို အမေရိကန် အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်၊ နက်နက်ရှိုင်းရှိုင်း လုပ်ဖို့အတွက် လုံးဝအရေးပါတယ် လို့လည်း သူမက ပြောလိုက်ပါတယ်။
အစောပိုင်းတုန်းကတော့ အစ္စလာမ်မစ်စစ်သွေးကြွတွေ ဓါးစာခံအဖြစ်ဖမ်းထားတဲ့ နိုင်ငံခြားသား ၁၀၀ လောက်ကို ဗုဒ္ဓဟူးနေ့မှာ လွတ်အောင်လုပ်နိုင်ခဲ့တယ်လို့ အယ်လ်ဂျီးရီးယားအစိုးရပိုင် သတင်းအေဂျင်စီက ပြောပါတယ်။ ဒါပေမဲ့ လူ ၃၀ လောက်ကတော့ ဘယ်လို အခြေအနေရှိတယ်ဆိုတာ အခုချိန်ထိမသိရသေးပါဘူး။
စစ်သွေးကြွတွေက အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်းက သဘာဝဓါတ်ငွေ့စက်ရုံကို ဗုဒ္ဓဟူးနေ့အစောပိုင်းကို သိမ်းယူခဲ့စဉ်အတွင်း ဓါးစာခံအဖြစ် ဖမ်းခံရတဲ့ နိုင်ငံခြားသားဟာ ၁၃၂ ယောက်ရှိတယ်လို့ အမည်မဖော်လိုတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တဦးကို ကိုးကားပြီး သတင်းတခုက ဖော်ပြပါတယ်။