သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးဆွဲ အယ်ဂျီးရီယားစစ်သွေးကြွစခန်းကို စီးနင်း


အယ်လ်ဂျီးရီးယား Amenas သဘာဝဓာတ်ငွေ့စက်ရုံကို ဂြိုလ်တုသတင်းမှတ်တမ်းကနေ မြင်ရစဉ်။
အယ်လ်ဂျီးရီးယား Amenas သဘာဝဓာတ်ငွေ့စက်ရုံကို ဂြိုလ်တုသတင်းမှတ်တမ်းကနေ မြင်ရစဉ်။
Algeria နိုင်ငံမှာ နိုင်ငံခြားသား ၄၁ ယောက်ကို အစ္စလာမ် စစ်သွေးကြွတွေ
ပြန်ပေးဆွဲ ဖမ်းထားတဲ့ သဘာဝဓါတ်ငွေ့စက်ရုံဝန်းအပေါ် စစ်ဆင်မှု
အဆုံးသတ်သွားပြီလို့ အစိုးရပိုင် သတင်းအေဂျင်စီက ပြောပါတယ်၊ ဒါပေမဲ့
ပြန်ပေးဆွဲခံထားရသူတွေနဲ့ ပါတ်သက်တဲ့ သတင်း အတိအကျကတော့ ခိုင်ခိုင်မာမာ
မရသေးဘူးဖြစ်နေပါတယ်။ ဝင်ရောက်စီးနင်းမှုအတွင်း အကြမ်းဖက်သမား အများအပြား
သုတ်သင်နိုင်ခဲ့တယ်လို့ Algeria ပြန်ကြားရေးဝန်ကြီး Mohamed Said
ကပြောပါတယ်၊ ပြန်ပေးဆွဲခံထားရသူ တချို့လဲ သေဆုံးခဲ့တယ်လို့ သူက
ပြောပါတယ်။

Algeria ရဟတ်ယဉ်တွေနဲ့ တိုက်ခိုက်စဉ် စစ်သွေးကြွတွေက
ပြန်ပေးဆွဲထားသူတွေကို နေရာပြောင်းဖို့ ကြိုးစားတဲ့အတွက်
ပြန်ပေးဆွဲခံထားရသူ ၃၄ ယောက်နဲ့ ပြန်ပေးသမား ၁၅ ယောက် သေဆုံးခဲ့တယ်လို့
Mauritania သတင်းအေဂျင်စီတခုက စစ်သွေးကြွ ပြောခွင့်ရသူကို
ကိုကားဖော်ပြပါတယ်။ ဒီသတင်းအရေအတွက်ကို သီးခြားအတည် မပြုနိုင်သေးပါဘူး။
Algeria သတင်းအေဂျင်စီကတော့ ပြန်ပေးဆွဲခံထားရသူ ၄ ယောက်ထဲမနည်းကို
ကယ်တင်နိုင်ခဲ့ပြီး ကျန်တဲ့သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့
ပြောပါတယ်၊ Irish လူမျိုး ပြန်ပေးဆွဲခံထားရသူ တယောက်ကတော့ ဘေးကင်း
လုံခြုံသွားတယ်ဆိုတာကိုတော့ သူနဲ့စကားပြောခဲ့ရတဲ့ မိသားစုတွေဆီက
အတည်ပြုနိုင်ပါတယ်၊ တခြားပြန်ပေးဆွဲခံခဲ့ရသူတွေထဲမှာ နော်ဝေး၊ ဂျပန်နဲ့
အမေရိကန်လူမျိုးတွေ ပါဝင်ပါတယ်၊
XS
SM
MD
LG