သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယစီးပွားပြုပြင်ရေး အမေရိကန်ကြိုဆို


အိန္ဒိယရဲ့ နောက်ကျကျန်နေတဲ့ စီးပွားရေးကို ပြန်ပြီးနိုးထလာစေရေးကို ရည်ရွယ်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံ တယ်လို့ နယူးဒေလီမြို့တော်ကို ရောက်ရှိနေတဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တင်မသီ ဂိုက်(သ်)နာ (Timothy Geithner)က၊ အောက်တိုဘာ (၉)ရက်နေ့ အင်္ဂ ါနေ့က ပြောကြားလိုက်ပါတယ်။

အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး ပီ ချီဒမ်ဘာရမ် (P. Chidambaram) နဲ့ တွေ့ဆုံပြီးတဲ့နောက် ဝန်ကြီး ဂိုက်(သ်)နာက ပြုပြင်ပြောင်းလဲရေးတွေဟာ သိပ်ကို အလားအလာတွေ ကောင်းမွန်စေပြီးတော့ စီးပွားရေး ကြီးထွားမှု ပိုမိုခိုင်မာလာစေဖို့ လုပ်ငန်းစဉ် တစ်ရပ်ကို ဖေါ်ဆောင်ရေးမှာ အထောက် အကူ ဖြစ်စေလိမ့်မယ်လို့လည်း ဆိုပါတယ်။ အိန္ဒိယရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို မကြာသေးခင်သီတင်းပတ်တွေက ကြေညာခဲ့တာမှာ ပြည်ပက ကုန်စုံဆိုင် super market တွေ၊ အိန္ဒိယမှာ လာရောက်ဖွင့်ခွင့်လည်း ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယရဲ့ လေ ကြောင်းလုပ်ငန်းတွေနဲ့ ရုပ်သံလွှင့်လုပ်ငန်းတွေမှာ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နံှမှုကို လမ်းဖွင့်ပေးတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလည်း ဖြစ်ပေါ် လာ ခဲ့ပါတယ်။
XS
SM
MD
LG