သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဓာတုလက်နက်ဖျက်ဆီးပေးဖို့ အမေရိကန်ကမ်းလှမ်း


ဆီးရီးယားနိုင်ငံအတွင်း ဓာတုလက်နက်သုံးစွဲခြင်း ရှိမရှိ စစ်ဆေးဖို့ သဲနဲ့ ဒုံးကျည်ထိမှန်တဲ့နေရာက နမူနာတွေ ထုတ်ယူနေတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ။
ဆီးရီးယားနိုင်ငံအတွင်း ဓာတုလက်နက်သုံးစွဲခြင်း ရှိမရှိ စစ်ဆေးဖို့ သဲနဲ့ ဒုံးကျည်ထိမှန်တဲ့နေရာက နမူနာတွေ ထုတ်ယူနေတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ။
ဆီးရီးယားနိုင်ငံက သေစေလောက်တဲ့ ဓာတုလက်နက်တချို့ကို ပင်လယ်ထဲမှာ ရှိတဲ့ အမေရိကန်ရေတပ်သင်္ဘောပေါ်မှာ ဖျက်ဆီးပစ်ဖို့ အမေရိကန် ပြည်ထောင်စုက ကမ်းလှမ်းခဲ့ပါတယ်။ ဓာတုလက်နက်တွေ ဖျက်ဆီးပစ်ဖို့ အမေရိကန်က နည်းပညာ၊ လိုအပ်တဲ့ ဆောင်ရွက်မှုတွေအတွက် အပြည့်အဝ အကူအညီနဲ့ ကုန်ကျစရိတ်တွေကို အမေရိကန်အစိုးရက ပေးမှာဖြစ်တယ်လို့ ဓာတုလက်နက်တားဆီးရေး OPCW အဖွဲ့က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဆီးရီးယားက ဓာတုလက်နက်အားလုံး ဖျက်သိမ်းရေးအတွက် Netherlands နိုင်ငံမှာ အခြေစိုက်တဲ့ ဒီအဖွဲ့က တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံတဝန်က ဓာတုလက်နက်တွေကိုထုတ်ပိုးပြီး နိုင်ငံရဲ့ အကြီးဆုံး ဆိပ်ကမ်းဖြစ်တဲ့ Latakia ဆိပ်ကမ်းဆီအရောက် ပထမပို့ဆောင်ပေးရမယ်လို့ ကုလသမဂ္ဂနဲ့ ဆီးရီးယားဆိုင်ရာ OPCW ပူးတွဲအဖွဲ့အကြီးအကဲ Sigrid Kaag ကပြောပါတယ်။

ဒီထုပ်ပိုးထားတဲ့ ဓာတုလက်နက်တွေကို OPCW အဖွဲ့ဝင်နိုင်ငံတွေပိုင် သင်္ဘောတွေပေါ် တင်ပို့ရမှာဖြစ်ပြီး အဲဒီသင်္ဘောတွေနဲ့ အမေရိကန် သင်္ဘောတွေဆီ ပို့ဆောင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဓာတုလက်နက်တွေကို ဆီးရီးယားရေပိုင်နက်ထဲမှာတော့ ဖျက်ဆီးမှာ မဟုတ်ပါဘူး။

ဆီရီးယားမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲအတွင်း အစိုးရတပ်တွေက ပြည်သူတွေ အပေါ် ဓာတုလက်နက်တွေသုံး တိုက်ခိုက်မှုတွေရှိခဲ့ပြီးနောက် ခုလို
ဆီးရီးယားက ဓာတုလက်နက်တွေ ဖျက်ဆီးရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG