မြန်မာနိုင်ငံ လူနည်းစုတိုင်းရင်းသားဒေသတွေက ပဋိပက္ခကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုကနေ ဒေါ်လာ ၂၅ သန်း ထောက်ပံ့ကူညီသွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ ဒုက္ခသည်တွေရဲ့အရေးပေါ် လူမှုအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အသက်ရှင်ရေး မဖြစ်မနေ လိုအပ်ချက်တွေအတွက် ကူညီသွားမှာပါ။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ မွန်ပြည်နယ်ဘက်တွေမှာ ယခင် ကတည်းကဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ကျေးရွာစွန့်ခွာပြေးရတဲ့ ဒုက္ခသည်တွေရှိခဲ့သလိုပဲ အခုနောက်ပိုင်းဖြစ်တဲ့ ပဋိပက္ခသစ်တွေကြောင့် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်မှာ ဒုက္ခသည်တွေ ပိုပြီးတော့တိုးလာပါတယ်။ ဒီ ဒုက္ခသည်တွေရဲ့ ပကတိအခြေအနေတွေကိုသိနိုင်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ သံကိုယ်စားလှယ်အဖွဲ့တွေဟာ အဲဒီနေရာတွေအထိ သွားရောက်လေ့လာပြီးတော့မှ အခုလို အကူအညီတွေပေးဖို့ ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ပြန်ကြားရေးအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။
“ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသက ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ ဆိုးဆိုးဝါးဝါး လူမှုအကျပ်အတည်း အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့ ကူညီသွားပါမယ်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်၊ ၁၃ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု၊ ဆွဒ်ဇာလန် နဲ့ ဗြိတိန်နိုင်ငံတွေက ပူးတွဲသံကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်ကို သွားရောက်တာ၊ အောက်တိုဘာလ ၁၄ ရက်ကနေ ၂၆ ရက်နေ့အထိ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ကချင်ပြည်နယ်ကို သွားခဲ့တာ၊ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေကို သွားရောက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒီက နိုင်ငံရေးအခြေအနေတွေနဲ့ လူသားချင်းစာနာကူညီမှုအခြေအနေတွေကို ကွင်းဆင်းလေ့လာ ကြည့်ခဲ့ပြီးတဲ့နောက် အခုလို အကူအညီပေးဖို့ ကြေညာချက် ထွက်လာတာပါ။”
အကူအညီတွေထဲမှာ ရခိုင်ပြည်နယ်အတွက်ကတော့ အစားအစာ၊ သောက်သုံးရေနဲ့ အညစ်အကြေးစွန့် သန့်စင်ရေး အစီအစဉ်တွေမှာ အဓိကထား သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ မွေးကင်းစကလေးတွေနဲ့ ကလေးငယ်တွေအတွက် အာဟာရဖွံဖြိုးရေးအစီအစဉ်တွေနဲ့ ဒုက္ခသည်တွေနေရာမှာ ရေလွှမ်းမိုးမှုနဲ့ ကျန်းမာရေးထိခိုက်နိုင်စရာတွေကို အကာအကွယ်ပေးဖို့ မြောင်းစနစ် ပြင်ဆင် မွမ်းမံမှုတွေမှာလည်း သုံးသွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ကြေညာထားပါတယ်။ ကချင်ပြည်နယ်မှာတော့ ဒုက္ခသည်တွေအတွက် ယာယီအမိုးအကာဆောက်လုပ်ရေး၊ အိမ်ယာ ဆောက်လုပ်ရေး၊ အစားအစာနဲ့ ရေထောက်ပံ့မှု၊ သန့်စင်ရေးနဲ့ အဟာရဖွံဖြိုးရေးအတွက် ကူညီ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအရှေ့တောင်ဘက်ခြမ်းက ဒုက္ခသည်တွေနဲ့ နေရပ်ပြန်လာသူတွေ အတွက်ကတော့ အသက်မွေးဝမ်းမှု လုပ်ငန်းတွေ ဖန်တီးပေးဖို့၊ လူမှု အသိုင်းအဝိုင်းကို အခြေခံတဲ့ အစီအစဉ်တွေအားကောင်းလာဖို့၊ ဒုက္ခသည်တွေ မိမိဆန္ဒအလျှောက် နေရပ်ပြန်ရေးအစီအစဉ်အတွက် ပြင်ဆင်ဆောင်ရွက်ဖို့ ကိစ္စရပ်တွေမှာ ထောက်ပံ့ကူညီသွားမယ်လို့ ဆိုပါတယ်။ ဒီအကူအညီတွေကိုတော့ မြန်မာနိုင်ငံ အစိုးရနဲ့ နိုင်ငံတကာက အလှူရှင်အသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုက တိုင်းရင်းသားဒုက္ခသည်တွေအတွက် အကူအညီ အထောက်အပံ့တွေပေးဖို့ ကြေညာချိန်မှာပဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး ညှိနှိုင်းဆဲ ကချင်ပြည်နယ်ဘက်မှာတော့ မနေ့ကတော့ တိုက်ပွဲအချို့ ဖြစ်ခဲ့ပါတယ်။ ဒီအတွက် အရပ်သားဒုက္ခသည်တွေ နှစ်ထောင်နီးပါး ဘေးလွတ်ရာကို ပြေးခဲ့ရပါတယ်။ ဘယ်ဘက်က စတင်ပစ်ခတ်တယ်ဆိုတဲ့ အသေးစိတ်မှာ နှစ်ဘက်အပြော အမျိုးမျိုးတော့ ဖြစ်နေပါတယ်။
အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူတဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ်က တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ် ကတော့ အခုလို နိုင်ငံတကာအကူအညီတွေပေးမယ်ဆိုရင် အစိုးရကတဆင့် ပေးတာထက်၊ ဒေသခံ အကူအညီပေးရေး လုပ်နေတဲ့ လူမှုအဖွဲ့အစည်းတွေကတဆင့် ပေးတာ ပိုပြီးထိရောက်မယ်လို့ သူ့အမြင်ကို အခုလို ပြောပါတယ်။
“ကျနော်တို့အမြင်ကတော့ အစိုးရဘက်က ဒုက္ခသည်တွေကို ထောက်ပံ့တဲ့ နေရာမှာ တချို့လက်လှမ်းမမီတဲ့ ဒေသတွေ အထိ တကူးတကသွားပြီး ထောက်ပံ့တာ မတွေ့ရဘူး။ အဲဒီတော့ အမေရိကန်က တကယ်တန်း ဒါမျိုး အကူအညီ ပေးတယ်ဆိုလို့ရှိရင် အစိုးရဆီကပေးတာမျိုး မဖြစ်ဘဲနဲ့ ပြည်တွင်းက CSO (အရပ်ဘက်လူ့အဖွဲ့အစည်း) အကြီးကြီးတွေကတဆင့် သူတို့နဲ့တိုက်ရိုက် ဆက်သွယ်ပြီးတော့ ပေးတာ ပိုပြီးအဆင်ပြေမယ်လို့ ထင်တယ်ခင်ဗျ။”
မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ ဘယ်လိုမျိုး CSO အကြီးကြီးတွေ ပြောတာလဲခင်ဗျ။ ဘယ်လိုအဖွဲ့အစည်းမျိုးလဲ- ဥပမာအားဖြင့် ပြောမယ်ဆိုရင်ပေါ့။
“ကချင်မှာဆိုရင် ဒီကိစ္စကိုလုပ်နေတဲ့ Kachin Peace Network လို၊ နောက် အဖြူရောင်တွဲလက်များ-လို၊ ဒီအဖွဲ့တွေက ကချင်လူထုရဲ့ယုံကြည်ကိုးစားမှုကို သူတို့ရပြီးသား ဖြစ်နေတယ်။ စစ်ပွဲစဖြစ်ကတည်းက ကျေးရွာဒေသ ဟိုးတောကြုံအုံကြားအထိ ဆင်းပြီးတော့ ဒုက္ခသည်တွေနဲ့အတူတူနေပြီးတော့ သူတို့ရဲ့ အခက်အခဲတွေကို survey လိုမျိုး assessment တွေလုပ်ပြီးတော့မှ အကူအညီပေးတာဖြစ်တဲ့အတွက် ဒီအဖွဲ့အစည်းတွေလိုမျိုး အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မယ်ဆိုရင်တော့ အဆင်ပြေလောက်ပါတယ်။”
အမေရိကန်ပြည်ထောင်စုရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီအကူအညီတွေကို နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေက တဆင့် ထောက်ပံ့သွားမယ်လို့ ဖော်ပြပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာ ကူညီမှု စံနှုန်း စံထားတွေအတိုင်း လူမျိုး၊ ဘာသာ နောက်ခံအခြေအနေတွေ မခွဲခြားဘဲ ဒုက္ခသည်တွေကို အကူအညီအထောက်အပံ့ ပေးသွားနိုင်ဖို့ မြန်မာ ပြည်ထောင်စုအစိုးရကရော ဒေသခံပြည်နယ်အာဏာပိုင်တွေကပါ ကတိကဝတ်ပြု ပြောဆိုခဲ့တာတွေကိုလည်း အမေရိကန်ပြည်ထောင်စုက ချီးကျူးထားပါတယ်။
လက်ရှိအားဖြင့် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေအပြင် ဒေသခံလူမှုအဖွဲ့အစည်းတွေရော ပြည်တွင်းက အစိုးရမဟုတ်တဲ့ အရပ်ဘက်လူမှုအဖွဲ့တွေကပါ သွားရောက် အကူအညီပေးမှုတွေရှိပေမယ့် ဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေကတော့ ကြီးမားနေဆဲဖြစ်တယ်လို့ အကူအညီပေးရေး လုပ်သားတွေက ပြောကြပါတယ်။