သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပါကြီးကိစ္စ အမှုမှန်ဖေါ်ဖို့ အမေရိကန် တောင်းဆို


စစ်တပ်ဖမ်းဆီးစဉ် ပျောက်ဆုံးကွယ်လွန်သွားသူ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်
စစ်တပ်ဖမ်းဆီးစဉ် ပျောက်ဆုံးကွယ်လွန်သွားသူ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်

အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိတဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အမေရိကန် ပြည်ထောင်စု ကလည်း တောင်းဆိုထားပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အလွန်ပဲစိုးရိမ်မကင်းဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အလွတ်သတင်းထောက် ကိုပါကြီး ခေါ် အောင်ကျော်နိုင်ကို စစ်တပ်က ဖမ်းဆီးထိမ်းသိမ်းခံရတဲ့ကာလအတွင်း သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းကိုကြားရတာ အင်မတန်စိုးရိမ်မကင်းဖြစ်မိသလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဘာကြောင့် ဖမ်းဆီးခံရပြီး ဘယ်လိုသေဆုံးလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒီကိစ္စနဲပတ်သက်လို့ ကျနော်တို့ စိုးရိမ်ချက်ကို အစိုးရကို ပြောထားပါတယ်။ ဒီ သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ အဖြစ်အပျက်တွေကို ခိုင်မာပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်သွားဖို့၊ ဒီအပေါ် ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုပါတယ်။ ဒီမိုကရေစီရှင်သန်ဖို့ရာ သတင်းလွတ်လပ်ခွင့်ဟာအရေးကြီးပါတယ်။ ဒါကြောင့် လွတ်လပ်စွာ ရေးသားဖော်ပြမှုကြောင့် အကျဉ်းထောင်တွေထဲ ဖမ်းဆီးထိမ်းသိမ်းခံနေရဆဲ သတင်းထောက်တွေကို လွှတ်ပေးဖို့ကိုလည်း မြန်မာအစိုးရကို တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကလည်း လူ့အလွတ်သတင်းထောက် ကိုပါကြီးအခုလို အသတ်ခံရမှုကို ထောက်ပြပြီး မြန်မာနိုင်ငံအတွင်း တရားလက်လွတ်ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေတုန်းပဲလို့ မနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောသွားပါတယ်။ မြန်မာနိုင်ငံအတွင်းက အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ဒီဖြစ်ရပ်ကို အမှန်အတိုင်းဖြစ်အောင် စုံစမ်းဖော်ထုတ်ဖို့ တောင်းဆိုထားပါတယ်။ မြန်မာအစိုးရဖက်ကတော့ ဒီအပေါ်မှာ တရားဝင် တုံ့ပြန်ပြောဆိုတာတွေ မရှိသေးပါဘူး။

XS
SM
MD
LG