သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ခေါင်းဆောင်မှု အမေရိကန် ထိပ်ကပြေး


နိုင်ငံပေါင်း (၁၃၀) ကျော်ရှိ လူတွေထံကကောက်ယူတဲ့ ကမ္ဘာ့အင်အားကြီးငါးနိုင်ငံအပေါ် သဘောကျထောက်ခံမှုစစ်တမ်းမှာ (၈) နှစ်ဆက်တိုက်အဖြစ် ရုရှားက အနိမ့်ဆုံးအဆင့်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ယူကရိန်းမှာ ရုရှားက ဝင်ရောက်စွက်ဖက်ခဲ့အပြီး မော်စကိုအပေါ် လူကြိုက်များမှုအဆင့်ဟာ အနောက်နိုင်ငံတွေမှာ သိသာစွာ ကျဆင်းခဲ့တာဖြစ်ပါတယ်။

တနိုင်ငံချင်းစီမှာ လူပေါင်း တစ်ထောင်ခန့်ကို ကောက်ယူတဲ့ Gallup စစ်တမ်းအရအင်အားကြီးနိုင်ငံတွေအနက် အမေရိကန်ရဲ့ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ ထောက်ခံမှုအများဆုံးနဲ့ ထိပ်ဆုံးကရှိနေတာပါ။ ဒါဟာ အမေရိကန်အနေနဲ့ နှစ်နှစ်ဆက်တိုက် လူအကြိုက်အများဆုံး အင်အားကြီးနိုင်ငံအဖြစ် ရှိနေခဲ့ပြီး ၄၅ %က ထောက်ခံခဲ့တာဖြစ်ပါတယ်။ သမ္မတပူတင်ရဲ့ရုရှားကတော့ အနိမ့်ဆုံးအဆင့်မှာရှိနေပြီး ၂၂% ထောက်ခံမှုရရှိခဲ့တာပါ။

လက်တင်အမေရိကား၊ အလယ်အာရှနဲ့ အရှေ့ဥရောပနိုင်ငံတွေမှာတော့ တရုတ်ရဲ့ခေါင်းဆောင်မှုကို အနောက်ဥရောပနဲ့ အမေရိကန်တို့ထက် နှိုင်းယှဉ်ရင် လူကြိုက်နည်းခဲ့ပါတယ်။

တချိန်တည်းမှာပဲ တရုတ်ရဲ့ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားတို့မှာ သူ့အပေါ် ထောက်ခံမှု ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ရဲ့အခြားအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်၊ ကမ္ဘောဒီးယားနဲ့မလေးရှားတို့မှာတော့ တရုတ်ရဲ့ခေါင်းဆောင်မှု အပေါ် ထောက်ခံတာနဲ့ ကန့်ကွက်တာ ရာခိုင်နှုန်း ညီနေတာတွေ့ရပါတယ်။

တရုတ်အပေါ် မနှစ်ခြိုက်မှုအမြင့်ဆုံးကတော့ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာဖြစ်ပြီး ဂျာမနီမှာဆိုရင် တရုတ်ကိုမနှစ်မြို့မှုက ၇၈%၊ အမေရိကန်ပြည်ထောင်စုမှာတော့ ၇၀% နဲ့ ဂျပန်မှာ ၆၇% ရှိပါတယ်။

XS
SM
MD
LG