သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသမှာ တနှစ်နေဖို့ ကန်နဲ့ ရုရှားအာကာသယာဉ်မှူး ၂ ဦးထွက်ခွာ


ရုရှားလုပ် ဆိုယုဇ်ဒုံးယာဉ်။
ရုရှားလုပ် ဆိုယုဇ်ဒုံးယာဉ်။

အမေရိကန် အာကာသယာဉ်မှူးတဦးနဲ့ ရုရှားအာကာသယာဉ်မှူးတဦးတို့ဟာ အာကာသထဲမှာ တနှစ်ကြာ စံချိန်ချိုးနေထိုင်ဖို့ စနေနေ့က ရောက်သွားကြပါပြီ။ ကမ္ဘာမြေဆွဲအား လုံးဝမရှိတဲ့နေရာမှာ ရေရှည်နေတာကြောင့် လူ့ခန္ဓာကိုယ်အပေါ် ဘယ်လို သက်ရောက်တယ်ဆိုတာကို လေ့လာဖို့ရည်ရွယ်တဲ့ အစီအစဉ်နဲ့ နိုင်ငံတကာအာကာသစခန်း ISS မှာ နေထိုင်ကြမှာပါ။

ကာဇက်စတန်နိုင်ငံကနေ ပစ်လွှတ်လိုက်တဲ့ ရုရှားလုပ် ဆိုယုဇ်ဒုံးယာဉ်နဲ့ အမေရိကန်အာကာသယာဉ်မှူး Scott Kelly နဲ့ ရုရှား အာကာသယာဉ်မှူး Mikhail Kornienko တို့ ISS မှာ ရောက်သွားတာပါ။ သူတို့နဲ့အတူ နောက်ထပ် ရုရှားအာကာသယာဉ်မှူးတဦးဖြစ်တဲ့ Gennady Padalka လည်း ပါသွားပါတယ်။ သူကတော့ ပုံမှန်ကာလဖြစ်တဲ့ ခြောက်လကြာ နေထိုင်မှာပါ။

Kelly နဲ့ Kornienko တို့ ပြန်ပို့တဲ့အချက်အလက်တွေကနေ ဂြိုဟ်ငယ်လေးတခု ဒါမှမဟုတ် အဆုံးတနေ့ကျရင် အင်္ဂါဂြိုဟ်ပေါ်မှာ ကာလရှည်ကြာနေမယ့် အစီအစဉ်တွေမှာ အန္တရာယ်ဖြစ်နိုင်တဲ့ကိစ္စတွေကို နောက်ထပ် လျှော့ချနိုင်မလားဆိုတာ လေ့လာဆန်းစစ် နိုင်မယ်လို့ အမေရိကန်အာကာသအေဂျင်စီ NASA ကပြောပါတယ်။

စောင့်ကြည့်လေ့လာမယ့် အခြေအနေတွေထဲမှာ အရိုးနဲ့ခုခံအားစနစ်တွေ အားနည်းတာနဲ့ အမြင်အာရုံချို့ယွင်းတာလို ကိစ္စတွေ ပါဝင်ပါတယ်။

XS
SM
MD
LG