သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လေယာဉ်တင် သင်္ဘော တောင်ကိုရီးယား ရောက်


The US Navy aircraft carrier USS Nimitz
The US Navy aircraft carrier USS Nimitz
တောင်ကိုရီးယားရေတပ်နဲ့ ၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် အမေရိကန်နျူကလီယားစွမ်းအင်သုံး USS Nimitz လေယာဉ်တင် စစ်သင်္ဘောကြီးဟာ ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ပိုင်းက ဘူစန်ဆိပ်ကမ်းကို ဒီနေ့ ဆိုက်ရောက်လာပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား အနေနဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို အပြင်းအထန် တုန့်ပြန် နိုင်တယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်း အမေရိကန်ရေတပ်ရဲ့ အဝေးထိန်းလမ်းညွှန်ပါ Missile ဒုံးခွင်းလက်နက်နဲ့ Missile ဒုံးလက်နက်တွေ တင်ဆောင်လာတဲ့ လေယာဉ်တင်သင်္ဘောတွေလည်း 7th. Fleet အမှတ် (၇) ရေတပ်အုပ်စု နယ်မြေကို ဆိုက်ရောက် ခဲ့ကြတယ်လို့ အမေရိကန်ရေတပ်ကပြောပါတယ်။

Indo-Asia-Pacific ဒေသတကြော ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တိုးမြှင့်ဖို့ အတွက် ရေကြောင်းမဟာမိတ်တွေနဲ့ အတူ စစ်ရေးလေ့ကျင့်ကြမှာဖြစ်တယ်လို့ အမေရိကန်ရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားကတော့ ဒီနှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဟာ မြောက်ကိုရီးယားရဲ့ ပိုင်နက်နယ်မြေ အချုပ်အခြာ အာဏာကို ထိပါးဖို့နဲ့ ကျူးကျော်ဝင်ရောက်ဖို့ဖြစ်ပြီး ပုံမှန်အကြီးအကျယ်ခြိမ်းချောက်နေတဲ့ တုန့်ပြန်မှုဖြစ်တယ်လို့ စွပ်စွဲနေပါတယ်။
XS
SM
MD
LG