သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ISIS အစွန်းရောက်အဖွဲ့ကို ကူဖို့ကြိုးပမ်းမှုနဲ့ ကန်လူငယ်တစ်ဦး ထိန်းသိမ်းခံရ


Passengers check arrival and departure displays at O'Hare International Airport in Chicago, Illinois, Sept. 27, 2014.
Passengers check arrival and departure displays at O'Hare International Airport in Chicago, Illinois, Sept. 27, 2014.

အသက် (၁၉) နှစ်အရွယ် အမေရိကန်နိုင်ငံသားတဦးကို ISIS အစ္စလာမ်စစ်သွေးကြွအုပ်စုနဲ့ ပူးပေါင်းဖို့ ပြည်ပကိုခရီးထွက်ဖို့ ကြိုးစားနေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ FBI အမေရိကန် ဗဟိုအစိုးရ ထောက်လှမ်းရေးအဖွဲ့က ချီကာဂိုလေဆိပ်မှာ ဖမ်းဆီးခဲ့ပါတယ်။

တနင်္လာနေ့က အမေရိကန် တရားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ချီကာဂိုကနေ Istanbul ကို Vienna ကနေ တဆင့်သွားမယ့် Mohammed Hamzah Khan ကို စနေနေ့က O’Hare နိုင်ငံတကာလေဆိပ်မှာ FBI က ဖမ်းဆီးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

Khan ဟာ အီရတ်နဲ့ ဆီးရီးယားမှာ လှုပ်ရှားနေတဲ့ ပြည်ပအကြမ်းဖက် အဖွဲ့အစည်းကို ရုပ်ဝတ္ထုပစ္စည်း အထောက်အပံ့တွေ ပေးဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်အရ တနင်္လာနေ့က အမေရိကန် ခရိုင်တရားရုံးကနေ စွဲချက်တင်ထားတာပါ။ ဒီစွဲချက်အတွက် အမေရိကန် ခရိုင်တရားသူကြီးရှေ့မှောက်မှာ တနင်္လာနေ့ အစောပိုင်းက Khan ကို ရုံးထုတ်ခဲ့ ပါတယ်။ ကြာသာပတေးနေ့ တရားရုံးကြားနာစစ်ဆေးမှုမတိုင်ခင်ထိ Illinois ပြည်နယ်သား Khan ကို FBI က ထိမ်းသိမ်းထားမှာ ဖြစ်ပါတယ်။

အမေရိကန် တရားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ပြည်ပအကြမ်းဖက် အဖွဲ့အစည်းကို ရုပ်ဝတ္ထုပစ္စည်း ထောက်ပံ့ဖို့ ကြိုးပမ်းတဲ့ ပြစ်မှုအတွက် ထောင်ဒဏ်အများဆုံး (၁၅) နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာနှစ်သိန်းခွဲ ဆောင်ဖို့ ပြစ်ဒဏ်စီရင်နိုင်တယ်လို့လည်း ဖေါ်ပြထားပါတယ်။ Khan ကိုပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိမယ်ဆိုရင် ဗဟိုအစိုးရဥပဒေတွေရဲ့ ပြစ်ဒဏ်စီရင်တဲ့ စည်းမျဉ်းတွေအရ တရားရုံးအနေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG