သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ရှည်ထောင်ဒဏ်ကျ သတင်းသမားတွေ ပြန်လွှတ်ဖို့ AI တိုက်တွန်း


Unity Journal ဂျာနယ်ရဲ့အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ကိုလူမော်နိုင် ဓါတ်ပုံ- ချိုနွယ်ဦး
Unity Journal ဂျာနယ်ရဲ့အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ကိုလူမော်နိုင် ဓါတ်ပုံ- ချိုနွယ်ဦး

နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားတဲ့သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့ကြီးက မြန်မာ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ ယူနတီဂျာနယ်နဲ့ BI မွန်းတည့်နေ ဂျာနယ်က သတင်းထောက်နဲ့ ထုတ်ဝေသူ စုစုပေါင်း ၁၀ ဦးတို့ကို ထောင်ဒဏ် ချမှတ်အပြီး တနှစ်အကြာ ဒီကနေ့မှာ အခုလို ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အပေါ် ဖိနှိပ်တဲ့ ဥဒေတွေကို နိုင်ငံတကာ စံနှုန်းထားတွေနဲ့အညီ ပြောင်းလဲ ပြင်ဆင်ဖို့ ကိုလည်း AI အဖွဲ့က မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။ အခုလိုမျိုး သတင်းထောက်တွေ အပေါ် ထောင်ဒဏ်တွေ ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံက သတင်းထောက်တွေနဲ့ မီဒီယာလုပ်ငန်းခွင်က ဝန်ထမ်းတွေအနေနဲ့အနှောက်အယှက်တွေ၊ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတယ်ဖြစ်တယ်ဆိုတာကို ဖေါ်ပြနေတာဖြစ်တယ်လို့ လွန်ခဲ့တဲ့လက ထုတ်ပြန်တဲ့ AI ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

လာမယ့် နိုဝင်္ဘာလမှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်တာကြောင့် လူထုအတွက် သတင်းတွေ၊ သုံးသပ်ချက်တွေကို လွတ်လပ်တဲ့မီဒီယာတခုအနေနဲ့ တင်ပြပေးဖို့ဟာ ခါတိုင်းထက် ပိုအရေးကြီးကြောင်းကိုလည်း AI အဖွဲ့ရဲ့ ကြေညာချက် မှာ ဖေါ်ပြထားပြီး မြန်မာ အာဏာပိုင်တွေအနေနဲ့ သတင်းထောက်တွေရဲ့ လုပ်ပိုင်ခွင့်ကို အနှောက်အယှက်ပေး ခြိမ်းခြောက်ဟန့်တားတာမျိုး မလုပ်ဖို့ လိုကြောင်း ပြောဆိုထားပါတယ်။

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အတွင်းက ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းဖော်ပြခဲ့တာကြောင့် ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ဦးကို လွန်ခဲ့တဲ့နှစ် ဇူလိုင်လအတွင်းထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ ရဲ့ ထုတ်ပြန်ချက်ကို ဖေါ်ပြခဲ့တဲ့ BI မွန်းတည့်နေ ဂျာနယ်က ထုတ်ဝေသူ၊ အယ်ဒီတာအဖွဲ့နဲ့ သတင်းထောက် စုစုပေါင်း ၅ ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။

XS
SM
MD
LG