အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် စီရင်ခံထားရတဲ့ အမေရိကန် နိုင်ငံသားဟာ ပြစ်ဒဏ်တွေကို စတင် ကျခံနေပြီ ဖြစ်တဲ့အကြောင်း မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။
အမေရိကန်နိုင်ငံသား ကန်းနတ် ဘေး (Kenneth Bae) ဟာ အထူး အကျဉ်းထောင် တစ်ခုမှာ ထောင်တွင်းဘဝကို စတင်ဖြတ်သန်းနေပြီလို့ အစိုးရပိုင် ကိုရီးယား ဗဟို သတင်းအေဂျင်စီ က ကြေညာသွားပေမဲ့ အသေးစိတ်တော့ မပြောခဲ့ပါဘူး။
အသက် ၄၄ နှစ်အရွယ် ကိုရီးယားနွယ်ဖွား အမေရိကန် နိုင်ငံသား ခရီးသွားလုပ်ငန်းရှင် ကန်းနတ် ဘေး (Kenneth Bae) ကိုတော့ မြောက်ကိုရီးယား အစိုးရကို ဖြုတ်ချဖို့ ကြံစည်မှုအတွက် အပြစ်ရှိကြောင်း ပြီးခဲ့တဲ့လကပဲ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံအရှေ့မြောက်ဘက်က ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ Rason မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ သူ့ကို ဖမ်းဆီးခဲ့တဲ့ အချိန်မှာတော့ မြောက်ကိုရီးယား ဆန့်ကျင်ရေး စာအုပ်စာတမ်းတွေ သူ့လက်ထဲမှာ တွေ့ခဲ့ရတယ်လို့လည်း မြောက်ကိုရီးယား အာဏာပိုင်တွေက ပြောဆိုခဲ့ကြတာပါ။
မြောက်ကိုရီးယား တရားရုံးချုပ်ကတော့ ဧဝံဂေလိ ခရစ်ယာန် ဘာသာဝင်တစ်ဦးဖြစ်တဲ့ ကန်းနတ် ဘေး (Kenneth Bae) ဟာ မြောက်ကိုရီးယား အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံမှာ အခြေစိုက် ကြံစည်ခဲ့တာ ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။