သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အန္တာတိတ်ရေခဲပြင်အောက် ရေအိုင်မှာ ရှေးဟောင်းငါးမျိုးတွေရှိနိုင်


Vostok ရေချိုကန်ကြီး
Vostok ရေချိုကန်ကြီး
အန္တာတိတ်ရေခဲပြင်အောက် ၂ မိုင်ခွဲလောက်မှာ နှစ်ပေါင်း ၁၅ သန်းလောက် မြှုပ်နေတဲ့ ရေကန်ကြီးတခုထဲမှာ ငါးတွေ အပါအဝင် ရှေးဟောင်း သက်ရှိ သတ္တဝါတွေ ထောင်ပေါင်းများစွာ ရှိနေနိုင်တယ်လို့ အမေရိကန် သိပ္ပံပညာရှင်များရဲ့ အဖွဲ့တခုက ပြောလိုက်ပါတယ်။

Vostok လို့ခေါ်တဲ့ ရေချိုကန်ကြီးဟာ ကမ္ဘာ့စတုတ္ထအနက်ဆုံး ကန်ကြီးဖြစ်ပြီး အရှည်အားဖြင့် ၁၅၅ မိုင် ရှိပြီး အကျယ်အဝန်းအားဖြင့်တော့ မိုင် ၅၀ ရှိပါတယ်။ အိုဟိုင်းအိုး ပြည်နယ် Bowling Green တက္ကသိုလ်က သုတေသီတွေဟာ ၂၀၁၂ ခုနှစ်တုန်းက ရုရှား သိပ္ပံပညာရှင်တွေ ယူလာခဲ့တဲ့ ဒီကန်ကြီးထဲက ရေနမူတာတွေကို လေ့လာ စမ်းစစ်နေကြတာ ဖြစ်ပါတယ်။

အွန်လိုင်းမဂ္ဂဇင်း PLOS One က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်မှာတော့ ဒီကန်ကြီးထဲက DNA မျိုးကွဲပေါင်း သုံးထောင့်ငါးရာကျော်ကို သုတေသီတွေက ဖော်ထုတ်ခဲ့ကြပြီး အတော်များများဟာ ဘက်တီးရီးယား အမျိုးအစား တမျိုးမဟုတ်တမျိုးနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG