သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အန္တာတိကမှာ ပိတ်မိနေသူတွေကို ကယ်တင်ပြီး


일본 남부 아오시마 섬의 고양이들. 섬 주민들이 버려진 고양이들을 먹이고 보살피면서 개체수가 급격히 늘어나, 현재 주민수의 6배에 달한다.
일본 남부 아오시마 섬의 고양이들. 섬 주민들이 버려진 고양이들을 먹이고 보살피면서 개체수가 급격히 늘어나, 현재 주민수의 6배에 달한다.
Antarctica သမုဒ္ဒယာအတွင်း ရေခဲတွေကြားမှာ ပိတ်မိနေတဲ့ ရုရှားသုတေသန သင်္ဘောပေါ်က ခရီးသည်တွေကို ကြာသပတေးနေ့မှာ ရဟတ်ယာဉ်နဲ့ အောင်မြင်စွာ ကယ်တင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်မယ့် ရဟတ်ယာဉ်က အဲဒီ ခရီးသည်တွေရှိနေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ဆင်းလိုက်နိုင်တဲ့အတွက် အခုလို ကယ်တင်နိုင်တာလဲ ဖြစ်ပါတယ်။

ခရစ္စမတ်အကြိုနေ့ကတည်းက ပိတ်မိနေတဲ့ Akademik Shokalskiy သုတေသန သင်္ဘောပေါ်က ခရီးသည်တွေကို ကယ်တင်လိုက်နိုင်ပြီလို့ သြစတြေးလျ ရေကြောင်းဘေးကင်းလုံခြုံရေးအာဏာပိုင်တွေက ပြောပါတယ်။

ခရီးသည်တွေဟာ အနီးအနားက သင်္ဘောပေါ် ဘေးကင်း ရန်ကင်းရောက်သွားပြီလို့ သင်္ဘောပေါ်ပါလာတဲ့ သိပ္ပံပညာရှင်တွေထဲက တစ်ဦးဖြစ်သူ Chris Turney က Twitter လူမှုကွန်ယက်ကတဆင့် ပြောဆိုပါတယ်။

သိပ္ပံပညာရှင်တွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ၊ သတင်းထောက်တွေ စတဲ့ လူစုံပါတဲ့ ၅၂ ယောက်အဖွဲ့ကို ကယ်ဆယ်ရေးရဟတ်ယဉ်နဲ့ ၁၂ ယောက်တကြိမ် သယ်ဆောင်သွားတာ ဖြစ်ပါတယ်။ အခုတော့ သူတို့တတွေ ကုန်းမြေဆီကိုရောက်ဖို့ သီတင်းပတ်အတော်ကြာ ခရီးဆက်ရပါဦးမယ်။

သူတို့ပိတ်မိနေတဲ့နေရာမှာ နှင်းမုန်တိုင်းကျနေတဲ့အတွက် အရင်က ရဟတ်ယာဉ်နဲ့ ကယ်တင်မယ့် အစီအစဉ်ပျက်ခဲ့ရတာပါ။ တရုတ်၊ သြစတေးလျနဲ့ ပြင်သစ်နိုင်ငံတို့က ရေခဲခွဲသင်္ဘောတွေ အဲဒီ ရုရှားသင်္ဘောထံကို ရောက်နိုင်အောင် အစောပိုင်းက ကြိုးပမ်းမှုတွေလည်း အောင်မြင်ခြင်း မရှိခဲ့ပါဘူး။
XS
SM
MD
LG