သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်မှာ အမှိုက်တွေ စုပုံနေတဲ့အပေါ် ကန့်ကွက် ဆန္ဒပြ


လက်ဘနွန်နိုင်ငံမှာ အစိုးရကိုဆန့်ကျင်ကန့်ကွက်သူတွေက ဘေရွတ်မြို့လယ်မှာဆန္ဒပြနေစဉ်။ (သြဂုတ် ၂၉၊ ၂၀၁၅)
လက်ဘနွန်နိုင်ငံမှာ အစိုးရကိုဆန့်ကျင်ကန့်ကွက်သူတွေက ဘေရွတ်မြို့လယ်မှာဆန္ဒပြနေစဉ်။ (သြဂုတ် ၂၉၊ ၂၀၁၅)

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ ဒေသစံတော်ချိန် စနေနေ့ည မိုးချုပ်သွားတဲ့အချိန် ထောင်ပေါင်းများစွာသော လူတွေဟာ အကြီးမားဆုံး ဆန္ဒပြပွဲကြီးတခုကို ဆင်နွှဲဖို့ အဓိက ရင်ပြင်တခုမှာ စုဝေးခဲ့ကြပါတယ်။ အမှိုက်တွေစွန့်ပစ်ရာ အဓိကနေရာတခုကို ပိတ်လိုက်ပြီးနောက် နိုင်ငံတဝန်းက လမ်းတွေပေါ်မှာ အမှိုက်တွေ တောင်လိုပုံနေတဲ့အပေါ် စိတ်ဆိုးဒေါသထွက်နေကြသူတွေက ပြီးခဲ့တဲ့တပတ်က စပြီး ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြတာပါ။

အနီ၊ အဖြူနဲ့ အစိမ်းရောင်ပါတဲ့ လက်ဘနွန်အလံတွေကို ဝှေ့ယမ်းပြီး ထောင်ပေါင်းများစွာသောသူတွေဟာ ပါလီမန်အဆောက်အအုံအနီးက ရိဒ် အယ်လ် ဆို (Riad El-Solh) ရင်ပြင်မှာ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြဿနာကို ဖြေရှင်းဖို့ အစိုးရရဲ့ပျက်ကွက်မှုကနေ ၁၉၉၀ ပြည့်နှစ်မှာ ပြည်တွင်းစစ် အဆုံးသတ်ခဲ့ချိန်ကစလို့ လက်ဘနွန်ကိုလွှမ်းမိုးထားတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ လူထုရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်နေတဲ့အစိုးရအပေါ်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအဆင့်အထိ ကျယ်ပြန့်လာခဲ့တာပါ။

ဆန္ဒပြမှုတွေကို နောက်ကွယ်က အဓိကကြိုးကိုင်စီစဉ်နေတဲ့အဖွဲ့ကတော့ - တောင်းဆိုချက်တစုံကို ထုတ်ပြန်ခဲ့ပြီး အစိုးရအနေနဲ့ ၇၂ နာရီအတွင်း တုံ့ပြန်ဖို့ကို ရာဇသံ ပေးထားပါတယ်။

XS
SM
MD
LG