နိုင်ငံတကာ

မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို ဖမ်းဆီး

မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို တရားရုံးထုတ်စဉ်မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို တရားရုံးထုတ်စဉ်
x
မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို တရားရုံးထုတ်စဉ်
မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို တရားရုံးထုတ်စဉ်

မီဒီယာ

အသံ
မွတ်ဆလင်ကမ္ဘာမှာ သီတင်းပတ်တွေနဲ့ချီပြီး ပြန့်နှံ့ခဲ့တဲ့ ဗွီဒီယို ရိုက်ကူးခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါပြီ။ အပြစ်မဲ့ မွတ်ဆလင်တွေ လို့ အမည်ပေးထားတဲ့ ဗွီဒီယိုဇာတ်လမ်းကို ရိုက်ကူးခဲ့သူ Nakoula ကို အာမခံအတွက် ကြားနာမှုမတိုင်ခင် ပြည်ထောင်စုတရားရုံးကို ချက်ခြင်းလာဖို့ ဆင့်ခေါ်ထားတယ်လို့ လော့စ်အိန်ဂျလိစ်မှာရှိတဲ့ ရှေ့နေရုံးက Thom Mrozek က ကြာသာပတေးနေ့က ပြောလိုက်တာပါ။

ဒီ ဗွီဒီယိုဇာတ်လမ်းမှာ တမန်တော်မိုဟာမက်ဟာ သတ်ဖြတ်လုယက်မှု၊ လိင်ပိုင်းဆိုင်ရာ ဖောက်လွဲဖောက်ပြန်ပြုမူသူအဖြစ် ဇာတ်လမ်းဆင် ထားတာကြောင့် မွတ်ဆလင်တွေကြားမှာ ဒေါသထွက်ခဲ့ကြရပြီး အမေရိကန် ဆန့်ကျင်ရေးတွေ ဖြစ်ပေါ်လာခဲ့ရသလို အသက်တွေသေကျေ ခဲ့ရပါတယ်။ အမေရိကန် သံရုံးတွေ၊ ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လူအုပ်ကြီးတွေက မီးရှို့တာတွေကို လည်း မြင်တွေ့ခဲ့ကြရပါတယ်။

အမေရိကန်အစိုးရက လစ်ဗျားနိုင်ငံမှာရှိနေတဲ့ ဝန်ထမ်းတွေကို လုံခြုံရေး အရ  ယာယီပြန်လည်ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့သီတင်း ပတ်ထဲမှာ ထရစ်ပိုလီကို ဝန်ထမ်းတွေ ပြန်ပြီး တာဝန် ထမ်းဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဝန်ထမ်းအရေအတွက် ဘယ်လောက် များများကို ပြန်ခေါ်ထားသလဲဆိုတာနဲ့ ဒီအကြောင်းနဲ့ ပတ်သက်လို့ အသေးစိတ်ဆွေးနွေးဖို့ ကို ငြင်းပယ်ခဲ့ပါတယ်။

နေ့စဉ်တီဗွီသတင်းလွှာ ၀၃-၀၄-၂၀၁၅

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
နေ့စဉ် တီဗွီသတင်းလွှာ ၀၃-၀၄-၂၀၁၅i
X
04.03.2015 12:30
အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ အစ္စရေးလ်ဝန်ကြီးချုပ်ပြောတဲ့မိန့်ခွန်းထဲ အီရန်နျူကလီးယားအရေးနဲ့ ပတ်သက်လို့ အသစ်မပါကြောင်း သမ္မတအိုဘားမားပြော၊ ဆန္ဒပြကျောင်းသား တွေနဲ့ ရဲတပ်ဖွဲ့အကြား လက်ပံတန်းမှာ ထိပ်တိုက်ရင်ဆိုင်ဆဲ၊ တရုတ် စစ်ရေးအသုံးစရိတ်ကို ဒီနှစ်မှာ ၁၀% တိုးမြှင့်သုံးစွဲမယ်လို့ ကြေညာ စသည် …

မိုဘိုင်းလ် App များကို အခမဲ့ ဒေါင်းလုတ် ရယူပါ

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ကမ္ဘာ့သတင်း စက္ကန့် ၆၀i
X
04.03.2015 19:30