သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တယ်လီဖုန်း အီးမေးလ် ဆက်သွယ်မှုတွေ ကို AT&T က ကန်တောက်လှမ်းရေးဆီ ပို့ခဲ့


AT&T Helped NSA Spy on Emails, Phone Calls
AT&T Helped NSA Spy on Emails, Phone Calls

အမေရိကန်နိုင်ငံတွင်း အင်တာနက်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးတွေအပေါ် လျှို့ဝှက် စုံစမ်းထောက်လှမ်းတဲ့ နိုင်ငံတော်လုံခြုံရေး အေဂျင်စီ NSA ရဲ့အစီအစဉ်ကို သက်တမ်းအရှည်ဆုံးနဲ့ အကြီးဆုံး အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီကြီးတခုဖြစ်တဲ့ AT&T က အရေးပါတဲ့အကူအညီ ပေးခဲ့တယ်လို့ The New York Times သတင်းစာက ဖော်ပြလိုက်ပါတယ်။

ပြည်ပမှာတိမ်းရှောင်နေတဲ့ NSA ရဲ့ ကန်ထရိုက်ဝန်ထမ်းဟောင်း Edward Snowden က ဖွင့်ချခဲ့ပြီး စနေနေ့ကထွက်လာတဲ့ NSA စာရွက်စာတမ်းတွေကို ကိုးကားပြီး သတင်းစာက ရေးတာပါ။

စာရွက်စာတမ်းတွေမှာ AT&T ကို နာမည်နဲ့ အတိအကျ ပြောမထားပေမဲ့လည်း အသုံးပြုထားတဲ့ လျှို့ဝှက်နာမည်တွေက AT&T ကိုညွှန်းနေတယ်ဆိုပြီး Times သတင်းစာနဲ့ ထောက်လှမ်းရေးတာဝန်ရှိသူ အများအပြားက ပြောကြပါတယ်။

စာရွက်စာတမ်းတွေဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ရှိတယ်လို့ သတင်းစာဆောင်းပါးမှာ ပြောထားပါတယ်။ AT&T ရဲ့ အမေရိကန် ဆက်သွယ်ရေးကွန်ယက်ကနေတဆင့်သွားတဲ့ အီးမေးလ် ဘီလီယံပေါင်းများစွာကို NSA ကကြည့်ခွင့်ရဖို့ ဥပဒေအရ နည်းလမ်းတွေနဲ့ လျှို့ဝှက် တရားရုံးညွှန်ကြားချက်တွေကို AT&T က အသုံးပြုခဲ့တယ်ဆိုတာ အထောက်အထားတွေက ပြပါတယ်။

အသံသွင်းထားတဲ့ တယ်လီဖုန်းဆက်သွယ်ချက် သန်းတထောင်ကျော်ကိုလည်း ကုမ္ပဏီက NSA ကို ပေးခဲ့ပါတယ်။ NSA က AT&T ကို ပြည်တွင်းစုံစမ်းထောက်လှမ်းရေးမှာ လုပ်ဖော်ကိုင်ဖက်အဖြစ် သတ်မှတ်ထားပြီး ကန်ထရိုက်တာတော့ မဟုတ်ဘူး ဆိုတာ အထောက်အထားတွေက ပြပါတယ်။

XS
SM
MD
LG