သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

APEC အစည်းအဝေး လုံခြုံရေး အထူးအဆင့်မြှင့်ထား


APEC အစည်းအဝေးအတွက် လုံခြုံရေး အထူးအဆင့် တိုးမြှင့်ထား။
APEC အစည်းအဝေးအတွက် လုံခြုံရေး အထူးအဆင့် တိုးမြှင့်ထား။

ဖိလစ်ပိုင် နိုင်ငံမှာ ဒီသတင်းပတ်ထဲ ကျင်းပမယ့် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီး ညီလာခံအတွက် အာဏာပိုင်တို့ လုံခြုံရေး အစီအမံတွေကို တင်းတင်းကျပ်ကျပ် ပြင်ဆင် ဆောက်ရွက်နေကြသလို အရင် စီစဉ်ထားတဲ့ ရက်မတိုင်ခင် တရက်အလိုမှာ နိုင်ငံတဝန်းကိုလည်း သတိပေး တပ်လှန့်ထားပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော် သွေးထွက်သံယို တိုက်ခိုက်ခံရပြီးနောက်မှာတော့ မူလက တနင်္ဂနွေနေ့မှာ လုံခြုံရေး အစီအမံတွေ စတင်ဖို့ ရှိရာကနေ တရက်စောပြီး စနေနေ့မှာ လုံခြုံရေးကို စတင်လိုက်တာ ဖြစ်ပါတယ်။

မြို့တော် မနီလာမှာ ကျင်းပမယ့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံမှာတော့ နိုင်ငံ ၂၁ နိုင်ငံတို့က ထိပ်သီးတွေ တက်ရောက်ကြမယ့် အထဲမှာ အမေရိကန်၊ တရုတ်၊ ဂျပန်နိုင်နဲ့ တခြား နိုင်ငံပေါင်း ၁၈ နိုင်ငံတို့က ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၈ နဲ့ ၁၉ ရက်နေ့တို့မှာ ထိပ်သီး ညီလာခံ ကျင်းပမှာ ဖြစ်ပေမယ့်လည်း ရာနဲ့ချီတဲ့ နိုင်ငံတကာက စီးပွားရေး ခေါင်းဆောင်တွေကတော့ စည်းဝေးပွဲတွေကို ဒီသတင်းပတ်ကုန်မှာ စတင်နေကြပြီ ဖြစ်ပါတယ်။

လုံခြုံရေး အတွက် ရဲအင်အား ဘယ်လောက် ချထားသလဲ ဆိုတာကိုတော့ မနီလာ မြို့တော်ဝန်က ထုတ်ဖော် မပြောပါဘူး။ ဒါပေမယ့်လည်း လုံခြုံရေး အတွက် အပြည့်အ၀ တပ်လှန့်ထားတယ်ဆိုတာမှာ ရဲဌာနတွေ အားလုံးနဲ့ ဌာနချုပ်တို့မှာ ၂၄ နာရီ အလုပ်လုပ်နေပြီး အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့နဲ့ တခြား အထူးတပ်ဖွဲ့တွေကိုလည်း အဆင်သင့်ချထားတာကို ဆိုလိုပါတယ်လို့လည်း မနီလာ မြို့တော်ဝန်က ပြောဆိုထားပါတယ်။

APEC အစည်းအဝေးတွေ ကျင်းပနေတဲ့ နိုဝင်ဘာလ ၁၇ ရက် ကနေ ၂၀ ရက်နေ့ အထိ ကျောင်းသားတွေနဲ့ အစိုးရ ဝန်ထမ်းတွေကို အထူး အားလပ်ရက် အဖြစ် အစိုးရက သတ်မှတ်ထားပါတယ်။ ပုဂ္ဂလိက လုပ်ငန်းတွေကတော့ နိုဝင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တို့ကို အလုပ်ပိတ်ရက် အဖြစ် ကြေညာထားပါတယ်။

XS
SM
MD
LG