သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

APEC ခေါင်းဆောင်တွေ ရုရှားမှာ စုဝေး


ရုရှားနိုင်ငံ Vladivostok မြို့တွင် ကျင်းပနေသည့် APEC ထိပ်သီး ဆွေးနွေးပွဲ ကျင်းပနေစဉ်။ (စက်တင်ဘာလ ၈ ရက် ၂၀၁၂)။
ရုရှားနိုင်ငံ Vladivostok မြို့တွင် ကျင်းပနေသည့် APEC ထိပ်သီး ဆွေးနွေးပွဲ ကျင်းပနေစဉ်။ (စက်တင်ဘာလ ၈ ရက် ၂၀၁၂)။
ကမ္ဘာ့စီးပွားရေး ပြန်လည် နလံထူလာစေဖို့အတွက် တရုတ်အစိုးရက သူ့ရဲ့ နိုင်ငံတွင်းက သုံးစွဲမှုအား ပိုမိုတိုးများ လာအောင် မြှင့်တင်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ စနေနေ့ ရုရှားနိုင်ငံ ဗလာဒီဘောစတော့ မြို့မှာ ကျင်းပနေတဲ့ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်မှုအဖွဲ့ APEC ညီလာခံမှာ တရုတ်သမ္မတ ဟူကျင်းတောင်က အခုလို ကတိပြုလိုက်တာ ဖြစ်ပါတယ်။

ညီလာခံအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ တို့ဟာ နှစ်နိုင်ငံအကြား အန္တာတိတ်ဒေသအတွင်း သိပ္ပံနည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် သဘောတူညီမှု စာချွန်လွှာကို စနေနေ့မှာ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

အခုနှစ် ရုရှားနိုင်က လက်ခံကျင်းပနေတဲ့ APEC နှစ်ပတ်လည် ညီလာခံကြီးမှာ ဒေသတွင်းနဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည် ကောင်းမွန်လာအောင် အားဖြည့်ပေးနိုင်ရေးကို အလေးထား ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

APEC အဖွဲ့မှာ အဖွဲ့ဝင် ၂၁ နိုင်ငံ ပါဝင်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၄၀% ရှိသလို ကမ္ဘာ့စီးပွားရေးရဲ့ ၅၀% နဲ့ ကုန်သွယ်မှု အားလုံးရဲ့ ၄၄% ရှိတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေ ရပ်တန့်စေရေးအတွက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖွယ် ရှိပါတယ်။
XS
SM
MD
LG