သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ရွေးကောက်ပွဲ အာဆီယံ လွှတ်တော် အမတ်တွေ ကြိုဆို


 မြန်မာရွေးကောက်ပွဲအတွက် APHR ကြေညာချက်။
မြန်မာရွေးကောက်ပွဲအတွက် APHR ကြေညာချက်။

မြန်မာနိုင်ငံက သမိုင်းဝင်ရွေးကောက်ပွဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပါဝင်ခဲ့ကြတဲ့ မြန်မာလူထုကို အရှေ့တောင်အာရှဒေသတဝန်း လွှတ်တော် ကိုယ်စားလှယ်တွေက ချီးကျူးဂုဏ်ပြုပါကြောင်း လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှဒေသ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ APHR က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ပြီး ပြောထားပါတယ်။

လူထုကို အစစ်အမှန်ဗဟိုပြုတဲ့ အာဆီယံအဝန်းအဝိုင်းမှာ မြန်မာနိုင်ငံက အသစ်ရွေးကောက်တင်မြှောက်ခံရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကြိုဆိုဖို့ စောင့်မျှော်နေပါတယ်လို့လည်း ကြေညာချက်မှာ ပြောထားပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ တည့်မတ်မှန်ကန်မှုကို ထိခိုက်စေတဲ့ အားနည်းချက် တချို့ရှိခဲ့ပေမဲ့လည်း နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာ လူထုအများအပြားက တခဲနက် မဲပေးတာကို တွေ့ရတဲ့အပေါ် အားရမိတယ်လို့ APHR အဖွဲ့ကပြောပါတယ်။

ဒီလိုမျိုး မဲဆန္ဒရှင်အရေအတွက် အများအပြားက စိတ်အားထက်သန်စွာနဲ့ မဲပေးကြတာဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်း အတော်ကြာတုန်းက တည်ရှိခဲ့ဖူးတဲ့ ဒီမိုကရေစီကို လိုလားတောင့်တမှုရဲ့ ပြယုဂ်ပဲဖြစ်ပါတယ်လို့ ဆိုပါတယ်။

အခြေခံလွတ်လပ် ခွင့်တွေကို ထိန်းချုပ်တဲ့ဥပဒေတွေ ရှိနေသေးတာ၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အထူးသဖြင့် လူမျိုး စုဒေသတွေမှာ ဖြစ်တာတွေကို အပြစ်ပေးအရေးမယူနိုင်ဘဲ ကင်းလွတ်ခွင့်ရနေတာ စတဲ့ စိန်ခေါ်မှုတွေ အပြည့်ရှိနေသေးတာကို လည်း APHR အဖွဲ့ကထောက်ပြပါတယ်။

ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်တာမှာ လုပ်ဖော်ကိုင်ဖက် မြန်မာလွှတ်တော် ကိုယ်စားလှယ် တွေနဲ့ အတူတကွရပ်တည်သွားဖို့ အသင့်ရှိ ပါတယ်လို့လဲ ပြောပါတယ်။ လာမယ့်လတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်လိုပဲ ငြိမ်းချမ်းစွာ ရှေ့ဆက်သွားနိုင်ပြီး လူ့အခွင့်အရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေး ထောက်ခံအားပေးဖို့အတွက် အစိုးရသစ်နဲ့ လက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်နေပါတယ်လို့ APHR ဥက္ကဌ မလေးရှားလွှတ်တော်ကိုယ်စားလှယ် Charles Santiago လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG