သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Apple ကုမ္ပဏီက iPHONE 5 တရားဝင် မိတ်ဆက်ပွဲထုတ်


အမေရိကန်ပြည်ထောင်စုက သတင်းနည်းပညာ ဧရာမ ကုမ္မဏီကြီးဖြစ်တဲ့ ပန်းသီး (Apple) ကုမ္ပဏီ ဟာ အားလုံးက မျှော်လင့် စောင့်စားနေကြတဲ့ iPhone အမျိုးအစားသစ် လက်ကိုင်ဖုန်းဖြစ်တဲ့ iPhone 5 ကို စက်တင်ဘာ (၁၂)ရက်နေ့က စတင် မိတ်ဆက် ပွဲထုတ်လိုက်ပါပြီ။

အခု iPhone 5 ဟာ အရင်နှစ်က ရောင်းချခဲ့တဲ့ iPhone 4S ထက် မြင်ကွင်း screen ပိုကြီးပေမဲ့ iPhone 4S ထက် သေးငယ် ပေါ့ပါးတယ်လို့ Apple ကုမ္ပဏီက ဆိုပါတယ်။

ကာလီဖိုးနီးယား (California) ပြည်နယ်က ဆန်ဖရန်စစ္စကို (San Francisco) မြို့မှာ ကျင်းပတဲ့ Apple ကုမ္ပဏီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ iPhone 5 ကို မိတ်ဆက်ပွဲထုတ်ခဲ့တာပါ။ အရင်က iPhone 4S ဟာ တတိယမျိုးဆက်ကွန်ယက် (Third Generation Network) 3 G နဲ့ ချိတ်ဆက်မှု ဝန်ဆောင်ပေးထားစဉ်မှာ တောင်ကိုးရီး ယားက Samsung ကုမ္ပဏီက စတုတ္ထမျိုးဆက်ကွန်ယက် (Forth Generation Network) 4 G နဲ့ ချိတ်ဆက် ဝန်ဆောင်မှုပေးတဲ့ Android အမျိုးအစား Galaxy S III လက်ကိုင်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့တာကြောင့် iPhone အမျိုးအစား လက်ကိုင်ဖုန်းတွေ ဈေး ကွက်မှာ အရောင်းထိုင်းသွားခဲ့ပါတယ်။

တခြား လက်ကိုင်ဖုန်း အမျိုးအစားတွေကလည်း အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်လာ တာကြောင့် ကမ္ဘာ့လက်ကိုင်ဖုန်း ဈေးကွက်မှာ အဆင့်မြင့်နည်းပညာ smart phone တွေကို ပဲ တောင်းဆိုလာခဲ့ကြတာပါ။

အခုအခါမှာတော့ ဒီ လက်ကိုင်ဖုန်း smart phone တွေထဲမှာ ဦးဆောင်မှုကို ပြန်ပြီးရယူဖို့ iPhone 5 နဲ့ Apple ကုမ္ပဏီက ကြိုးပမ်းလိုက်တာလည်း ဖြစ်ပါတယ်။ အခု iPhone 5 ကို အလျူမီနီယံသတ္ထုနဲ့ ဖလ်နဲ့ ပေါင်းစပ်ထုတ်လုပ်ပြီးတော့ အထူ (၇.၆) မီလီမီတာ၊ ဗျက် (၁၀၂) မီလီမီတာ၊ အလေးချိန် (၁၂၂) ဂရမ်ရှိတယ်လို့ Apple ကုမ္ပဏီက ဆိုပါတယ်။

Phone 5 မှာ မိုက်ကရိုဖုန်း သုံးလုံးပါရှိပြီး အင်တာနက်ချိတ်ဆက်မှုတွေကို အမြန်ဆုံး speed နဲ့ ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ကြောင်း၊ အနိမ့်ဆုံး 16 giga bite သိုလှောင်နိုင်တဲ့ iPhone 5 တစ်လုံးကို နှစ်နှစ် စာချုပ်နဲ့ တယ်လီဖုန်းလိုင်း ယူသူတွေကို အမေရိကန်ဒေါ်လာ (၁၉၉) ဒေါ်လာနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG