သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို အာရပ်ခေါင်းဆောင်တွေ ဖိအားပေး


Syria ကို အခိုင်အမာထောက်ခံတဲ့ အီရန်နိုင်ငံမှာကျင်းပနေတဲ့ ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးအစည်း အဝေးအတွင်း အီဂျစ်သမ္မတ Mohammed Morsi က ဒီမိုကရေစီနည်းကျ စနစ်တခုနဲ့ အာဏာလွှဲပြောင်းဖို့ Syria ကို တိုက်တွန်းခဲ့ပါတယ်။
Syria ကို အခိုင်အမာထောက်ခံတဲ့ အီရန်နိုင်ငံမှာကျင်းပနေတဲ့ ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးအစည်း အဝေးအတွင်း အီဂျစ်သမ္မတ Mohammed Morsi က ဒီမိုကရေစီနည်းကျ စနစ်တခုနဲ့ အာဏာလွှဲပြောင်းဖို့ Syria ကို တိုက်တွန်းခဲ့ပါတယ်။
ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆဒ်အပေါ်မှာ ဒေသတွင်းကနေ ဖိအားပေးတာဟာ ကြာသပတေးနေ့က တိုးလာပါ တယ်။ ဆီးရီးယားအစိုးရဟာ ဖိနှိပ်တဲ့အစိုးရဖြစ်တယ်လို့ ရွေးကောက်ခံ အီဂျစ်သမ္မတအသစ်က ပြောပြီး ဒီမိုကရေစီနည်းကျ စနစ်တခုနဲ့ အာဏာလွှဲပြောင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

မစ္စတာအာဆဒ်ကို အခိုင်အမာထောက်ခံတဲ့နိုင်ငံတခုဖြစ်တဲ့ အီရန်နိုင်ငံမှာကျင်းပနေတဲ့ ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးအစည်း အဝေးအတွင်း အီဂျစ်သမ္မတ Mohammed Morsi က အဲဒီလိုပြောသွားတာပါ။

ကမ္ဘာကြီးဟာ ဆီးရီးယားလူထုနဲ့ အတူတကွရပ်တည်ဖို့ ကိုယ်ကျင့်သိက္ခာပိုင်းအရ တာဝန်ရှိတယ်လို့ မစ္စတာမော်စီက ပြောပါ တယ်။ ဆီးရီးယားပဋိပက္ခဟာ ဒေသတဝန်းမှာဖြစ်နေတဲ့ တော်လှန်ရေးလှုပ်ရှားမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မစ္စတာမော်စီ မိန့်ခွန်းပြောနေချိန်မှာ ဆီးရီးယားကိုယ်စားလှယ်အဖွဲ့က သပိတ်မှောက်တဲ့အနေနဲ့ အစည်းအဝေးခန်းမထဲကနေ ထွက်သွားပါတယ်။ ဆီးရီးယားပဋိပက္ခကို ကူညီဖြေရှင်းဖို့အတွက် ဘက်မလိုက်အဖွဲ့ဝင်နိုင်ငံတွေက ပိုပြီး လုပ်ဆောင်ကြဖို့ အိန္ဒိယဝန်ကြီးချုပ် မန်း မိုဟန်ဆင်း ကလည်း နှိုးဆော်ခဲ့ပါတယ်။
XS
SM
MD
LG